Episode 1

1.2K 16 0
                                        

နေ့တိုင်းညတိုင်း မင်းနဲ့အတူ Ring......Ring.....Ring...
ချစ်စကားတွေ‌ဖွဲ့နွဲ့ပြောမယ် Ring.....Ring...Ring....
စိတ်ဆိုးလို့ စိတ်ကောက်တဲ့ချိန် Ring....Ring....Ring...

" အားးးး ဘယ်ကောင်လဲဟာ အိပ်ကောင်းခြင်းမအိပ်ရဘူး ကျစ် " မေသွေးတစ်ယောက် အိပ်ချင်မူးတူးနဲ့ ဖုန်းကို ကောက်ကိုင်လိုက်သည်။

" ဟဲလို ဘယ်သူလဲ "

" ဟဲ့ နင် မ‌ထသေးဘူးလား ဟမ် "

" ဘယ်သူလဲလို့ မေးနာကို "

" နင့်အမေ လင်းလက်ဟေ့ "

" ငါ့အမေနာမည်က လင်းလက်မဟုတ်ဘူး လာလိမ်မနေနဲ့ "

" ဘွားတော်မ contact ပြန်ကြည့် "

" အမ်... ဘာလဲ အစောကြီးရှိသေးတာကို မိလင်း "

" ဟဲ့ ဘယ်ကစောရမာလဲ tuto ဖြေရမယ်လေ "

" ဟင်...... ဟုတ်လား "

" ဟုတ်တယ်‌ ဒီနေ့ ‌Friday လေ အပတ်တိုင်းဖြေနေရတဲ့ဟာတောင် မေ့နေလိုက် "

" အားးး ထပြီ ထပြီ "

" အေ ထတော့ ငါနင့်အိမ်ထွက်လာပြီ "

" အွန်း အွန်း "

နာရီဝက်ခန့်ကြာသော်..........

" ဟဲ့ မေသွေး မပြီးသေးဘူးလား‌ ‌အောက်မာ လင်းလက်စောင့်နေတာ ကြာနေပြီ "

" ပြီးး ပြီးပြီ မေမေရဲ့ စာအုပ်ပျောက်နေလို့ "

" ဟဲ့ စာအုပ်တောင် ပျောက်တဲ့အထိ နင်စာလုပ်ရလား "

" ဟီးး မေမေကလဲ မဆူပါနဲ့ စာအလုပ်လွန်သွားတာပါနော် "

" တော်စမ်း "

" မေမေအဲ့လို စိတ်တိုနေမဲ့အစား မေ့ ကို စာအုပ်ကူရှာပေးလိုက်ပါလား "

" အမလေး မယ်မင်းကြီးမရယ် ငါ့အလုပ်နဲ့ငါတောင် ရှုပ်နေတာ ကိုယ့်ဟာကိုယ်ရှာယူ "

" ဟင့် မေမေကလဲ "

" မြန်မြန်ရှာ မေမေတွေ မတ်မတ်တွေ လုပ်မနေနဲ့ အောက်မှာ စောင့်နေတဲ့သူ အားနာအုံး "

" ရှာနေပါတယ် မေမေကလဲ "

" အင်း မေမေ Company သွားပြီ "

" ဟုတ် မေမေ "

" ဟူးးး ခုမှပဲရှာတွေ့တယ် မောလိုက်တာ
ဘယ်နှယ့်ဒီကြားထဲရောက်နေရတာပါလိမ့် "

အိမ်‌အောက်ကို ဆင်းတော့ မိလင်းလက်ကြိုဆိုပြီး ဆဲပါတော့တယ်။

" ‌ဆင်းလာသေးတယ်နော် မယ်တော်မ "

" စာအုပ်ပျောက်နေလို့ပါဟဲ့ "

" မသိပါဘူး လင်နောက်လိုက်ဖို့ အဝတ်တွေများ ထည့်နေတာလားလို့ "

" ချီးထုတ်မ လိုက်စရာလား စဉ်းစားလေ "

" ပြောရလို့လား နင်ပဲပြောတာလေ ငါကနင်တို့လို ရည်းစားတွေ ဘာတွေ ထားမနေဘူး တခါထဲ လိုက်ပြေးမာဆို "

" ဟဲ့ အဲ့တာက စကားအဖြစ်ပြောတာလေဟာ "

" တော်ပါ သွားရအောင် နောက်ကျနေပြီ "

" အွန်း သွားမယ် "

############################################
သာသာ ဒီ fic လေးတော့ ပြီးအောင်ရေးပါမယ်။
အချိုလေးတွေပဲ ကျွေးမာပါနော်။ဖတ်ပြီးရင်လဲ အကြံလေးပေးလို့ရပါတယ်။
ဖတ်ပေးတဲ့ ဒါဒါ တယောက်ချင်းစီကျေးဇူးပါ။

Favorite person Where stories live. Discover now