မေသွေး အိမ်ပြန်ရောက်တော့" ဟူးးးး ဘယ်လိုလူမှန်းလဲ မသိဘူး။ထမင်းစားနေတာကို ထိုင်ကြည့်နေရတာ မုန်းချင်စရာ "ဟုဆိုကာ ဖုန်းကိုကိုင်ပြီး လင်းလက်ဆီဖုန်းဆက်လိုက်တော့သည်။
" ဟဲ့ လင်းလက် "
" အေး မေသွေး ပြော။ ညတောင် နင် ငါနဲ့ မခွဲနိုင်ဘူးလား 🙄 "
" မနက်ကျ အိမ်ကို စောစောလာခဲ့ ငါပြောစရာရှိတယ် "
" အေးပါ နင်သာ စောစောထ ။လာခဲ့မယ် "
" အွန်း ဒါပဲနော် အာ့ဆို "
" အေး တာ့တာ "
မနက်ရောက်တော့
" မေသွေးရေ ငါရောက်ပြီ "
" အေး ငါဆင်းလာပြီ " မေသွေး လုပ်လက်စ စာအုပ်တွေကို သိမ်းပြီး အောက်ဆင်းလာတော့
အောက်မှာ လွန်းမာန်ခ ပါရောက်နေလေခြင်း" သမီးရေ ဒီမှာ သားက ကျောင်းသွားမှာမို့ ဝင်ခေါ်တာတဲ့ လိုက်သွား နှစ်ယောက်လုံး "
" မေမေကလဲ သူများကို အားနာစရာကြီး "
" မဟုတ်တာ မေ ရဲ့ ကိုယ်က လမ်းကြုံနေတာနဲ့ ဝင်ခေါ်လိုက်တာ "
" ဟဲ့ ပြောစရာရှိတယ်ဆို "
" ကျောင်းမှာပဲပြောတော့မယ် "ဆူပုတ်ပြီး ခြံထဲဆင်းသွားလေရဲ့
" ဟဲ့ ငါ့ကိုစောင့်အုံးလေ မယ်တော်မ "
" မြန်မြန်လာ "
" ဟမ်းးးးး တကယ့် ကလေးလေးအတိုင်းပဲ "
ကားပေါ်ရောက်တော့
" မေ မနက်စာ စားပြီးပြီလား "
" ဟုတ် ပြီးပြီ "
" ဟုတ်ပါပြီဗျာ "
" ကိုလွန်းမာန်ခ ကလဲနော် ပါတာကနှစ်ယောက်ပါ ဘက်လိုက်ပြီး တယောက်ထဲ ကွက်မေး "
" ဟားးး မဟုတ်ရပါဘူးဗျာ ပြော ဒီက "
" လင်းလက်ပါ "
" ဟုတ်ပြီ လင်းလက် ဘာစားမလဲ ပြော "
" အကိုဝယ်ကျွေးမှာလား "
" ဒါပေါ့ ကျောင်းရှေ့က Cheese stick စားမလား ဝယ်ပေးမယ် "
" ဟီး ညီမတို့က စားနေကျလေ "
![](https://img.wattpad.com/cover/330545872-288-k306379.jpg)
YOU ARE READING
Favorite person
Dragosteသိပ်ချစ်ရတဲ့ အမျိုးသားရယ် ထိုသူနဲ့တူတဲ့ ကိုယ်ပွားလေးရယ် ကိုယ့်ဆီမာ သူတို့လေးရှိရင် အရာရာပြီးပြည့်စုံသွားပြီ