Episode 14

197 5 0
                                    

မေသွေးတစ်ယောက် အတန်းထဲကို ပျော်ရွှင်ကြည်နူးစွာဖြင့်ဝင်လာသော် အတန်းထဲ ဆီးလို့ကြိုကာမေးတဲ့ လင်းလက်

" ဟဲ့ မိန်းမ ဘာတွေကြည်နူးလာရတာ
မျောက် အုန်းသီးရတဲ့ မျက်နှာနဲ့ "

" မဟုတ်ပါဘူးဟ ငါတို့ စေ့စပ်ကြတော့မှာ "

" ဟမ် ‌ဘယ်တော့လဲ "

" ဒီရက်ပိုင်းထဲ ဖြစ်ဖို့တော့များတယ် "

" ကျောင်းပိတ်ရက်ပဲရွေးနော် ဟဲ့
ငါ မစားရဘဲနေလိမ့်မယ် "

" ဒီမိန်းမကလဲ အားနေ မြိုမယ်ဆို့မယ်ဆိုတာကြီးပဲ "

" ငြိုငြင်တာလား နင်က 🥺 " ဆိုပြီး မျက်နှာငယ်လေးနဲ့ လုပ်ပြနေသော လင်းလက်

" ငြိုငြင်တယ် ငါ့ဘဲကြီးကလွဲလို့ အကုန်ငြိုငြင်တယ် "

" စက်ရက်တယ် မေသွေးရာ ခုတော့ နင်က ပုန်ကန်ပြီပေါ့ "

" ဘာဖြစ်လဲ အဲ့တော့ ဘာဖြစ်ချင်လဲ "

" ငါ့ဘဲနားသွားတိုင်မယ် အီးးဟီးး "

" သွားတိုင်လေ နင့်ဘဲက ငါ့ကို ပြန်ခံပြောရဲလား ပြောလိုက် "

" နင်ဟာ ငါတို့နှစ်ယောက်လုံးကို နှိမ်စားတာ "

" နှိမ်စားတာ မဟုတ်ပါဘူး နင်ကလဲ
ချစ်လို့စတာကို ဟွန့် "

" ဟွန်းနော် "

" အတန်းစတော့မယ် တိတ်တိတ်နေ "

" အင်း သိတယ် "

မေသွေး လင်းလက်ကို ပြောပြီး ဖုန်းကို silent လုပ်ဖို့ သူ့ရဲ့ ချစ်သောကို စာလှမ်းပို့တော့တယ်

" မောင်
မေ အတန်းစတော့မှာမို့ silent လုပ်ထားတယ်နော်
တော်ကြာ ဖုန်းမကိုင်လို့ စိတ်ပူနေမှာစိုးလို့ "

" အာ ဟုတ်ပါပြီဗျာ "

" ဟုတ် မောင်
Love u 🌷 "

" Love you too babe 😘💟 "

" သူ့လင်နဲ့ကျ ပြုံးနေရော "

" တူလား နင် နဲ့ "

" အေးပါ မတူပါဘူး မမလေးရယ် "

" ဟဲ့ အတန်းစောစောဆင်းရင် သူ့ဆေးရုံကို
သွားကြမလား "

Favorite person Where stories live. Discover now