မေသွေးတို့ နှစ်ယောက် လောလောနဲ့ ကျောင်းကို ရောက်တော့
" သမီးတို့ ဘာလုပ်နေတာလဲ "
" Tuto လာဖြေတာပါ ချယ်
" အယ် ဒီနေ့ tuto မရှိဘူးလေ နောက်အပတ်ရွေ့ထားတယ် သမီးတို့ရဲ့ "
" ဟုတ်လားချယ် "
" ဟုတ်တယ် ကျောင်းသားရေးရာက လာပြောမသွားဘူးလား "
" လာတော့ပြောမှာပါချယ် သမီးတို့က သတိမထားလိုက်မိတာနေမာ "
" ဖြစ်ကမယ် "
" ဟီးး ဒါနဲ့ချယ် ကျောင်းမှာ ဘာရှိလို့ ဒီလောက်ပြင်ဆင်နေကြတာလဲဟင် "
" ဪ ဒီနေ့ ကျောင်းကို ထောက်ပံ့နေတဲ့ ချယ်တို့ရဲ့ ကျောင်းသားဟောင်းလာမှာမို့ပါ "
" ဝါးးးးမိုက်တယ်နော် မေသွေး "
" အွန်း ငါလဲ အဲ့လိုလုပ်ရမယ် "
" ချယ် သမီးတို့ ဘာလုပ်ကူပေးရမလဲ "
" ချယ့်ကို ဒီနားက စတိုးဆိုင်မှာ ရေသန့်ဘူးပဲ ဝယ်ပေးတော့ "
" ဟုတ်ချယ် သမီးတို့ သွားဝယ်ပေးမယ် "
" ကျေးဇူးပါရှင် "
" ဟီးး တီချယ်ကလဲ သွားလိုက်ပါအုံးမယ်ရှင့် "
" ဟုတ်ပါပြီရှင် "
" လာ လင်းလက် သွားမယ် "
" ငါမလိုက်တော့ဘူးလေ ဟိုကောင်တွေနားသွားအုံးမယ် "
" ပြီးတာပဲ ငါတယောက်ထဲ လေလွင့်ရတာပေါ့ "
" ဟဲဟဲ နင်က အဲဗားလေလွင့်နေသူကြီးပဲဟာ "
" မိလင်းလက် နင်နော် "
" ဟဲ့ကျောင်းနော် ဇရပ်မဟုတ်ဘူး မအော်နဲ့ "
" အော်အောင် လုပ်နေတာ ဘယ်ခွေးမ လဲ "
" ဒီက ချစ်ဖို့ကောင်းတဲ့ ပါပီလေးလေ "
" သေလိုက် သွားပြီ ဟွန်း "
" ကြွကြွ "
မေသွေးတစ်ယောက် စိတ်တိုတိုနဲ့ စတိုးဆိုင်ကိုအဝင် တံခါးဝမှာ လူတစ်ယောက်နဲ့ တိုက်မိလေရဲ့
" ကျစ် စိတ်တိုရတဲ့ကြားထဲ
လူတယောက်လုံး လာနေတာကို ရှင် မမြင်ဘူးလား " ဆိုပြီး တိုက်မိသွားတဲ့ လက်မောင်းကို ပွတ်ပြီး ပြောနေလေရဲ့။" ဟော မင်းက တိုက်မိတာလေ ။ မင်းကပဲ ပြန်ရန်ရှာနေရတယ် "
" ခဗျားမြင်ရင် ရှောင်လေ "
" ကိုယ်လဲ မမြင်ဘူး " ဆိုပြီး ခေါင်းကိုငုံ့ကာ မေသွေးရဲ့ မျက်နှာနဲ့ အနီးကပ်ဆုံးထားပြီး ပြောလိုက်တယ်။
မေသွေးတယောက် ရှက်ရှက်နဲ့ ဆိုင်ထဲဝင်ပြေးပါလေရော။" ဟားးး ဘယ်လိုဟာမလေးပါလိမ့် ။ ချစ်ဖို့တော့ကောင်းသား ရန်စွာနေတာလေးက "
* ဟ ငါ ငါ ချစ်ဖို့ကောင်းတယ်ဆိုပြီး ပြောမိသွားတာလား။ ဘယ်မိန်းကလေးကိုမှ မပြောဖူးတဲ့ငါ ဒီကလေးမနဲ့ကျမှကွာ။ အင်းးးး မင်းလေးအကြောင်းကို စုံစမ်းရမာပေါ့ *
" ဟွန့် ဘယ်လိုလူကြီးမှန်းလဲ မသိဘူး သူများကိုရင်ခုန်အောင်လာလုပ်နေတယ် " ရေဘူးတဗူးချင်းစီ ဈေးဝယ်ခြင်းတောင်းထဲ ကောက်ထည့်ရင်း ဆူပုတ်စွာပြောနေတော့တယ်။
မေသွေး ရေဘူးတွေဝယ်ပြီးလို့ ကျောင်းကိုအပြန်
" တီချယ် ရေဘူးတွေရပါပြီရှင့် "
" အေးအေး ကျေးဇူးနော် သမီး "
" ဟုတ် ရပါတယ် ချယ်ရဲ့ ။ သမီးသွားလိုက်အုံးမယ်နော် ချယ် "
" ဟုတ်ပါပြီကွယ် "
ဖုန်းကိုထုတ်ပြီး လင်းလက်ကို ဖုန်းခေါ်တော့သည်
" ဟဲ့ နင်တို့ဘယ်မှာလဲ "
" ကန်တင်းက ငါတို့ ထိုင်နေကြဆိုင်မှာပဲ မြန်မြန်လာခဲ့ "
" အင်းး လာပြီ "
############################################
ဖတ်ပေးကြတဲ့အတွက်ကျေးဇူးပါနော်🥺
ဒီ့ထက်ပိုကောင်းအောင်ရေးပေးပါမယ်
အကြံလေးလဲ လာပေးလို့ရပါတယ်ဗျ
ဖတ်ပေးတဲ့ ဒါဒါတယောက်ချင်းစီကို အာဘွားပါ🤭
![](https://img.wattpad.com/cover/330545872-288-k306379.jpg)
YOU ARE READING
Favorite person
Romanceသိပ်ချစ်ရတဲ့ အမျိုးသားရယ် ထိုသူနဲ့တူတဲ့ ကိုယ်ပွားလေးရယ် ကိုယ့်ဆီမာ သူတို့လေးရှိရင် အရာရာပြီးပြည့်စုံသွားပြီ