Episode 9

177 9 0
                                    

" သမီး "

" ရှင် မေမေ "

" သမီး ဒီတစ်ပတ်အတွင်း သားလွန်းနဲ့ စေ့စပ်ရမယ်။အဲ့ဒါ..... "

" ဟာ မေမေကလဲ သမီးတယောက်ထဲနေချင်ပါသေးတယ်ဆိုတာကို မေ တို့ကလဲဇွတ် "

" ဟဲ့ ငါတို့က ဇွတ်တာမဟုတ်ဘူး ညဉ်းယောက်ခမ ဒေါ်ဆွေဇင်က သူ့ချွေးမလေးကို စိတ်မချလို့ပါ လက်မထပ်သေးရင်တောင် စေ့စပ်ပေးပါဆိုလို့လေ "

" တူတူပဲ မေတို့က "

" သမီး လူကြီးတွေက ကောင်းတာစီစဉ်ပေးနေတာလေ ပြီးတော့ သားလွန်းကလဲ သမီးအပေါ် မေတ္တာရှိနေတာ "

" မေမေတို့သဘောဗျာ လုပ်ချင်တာသာလုပ်တော့ " ဆောင့်အောင့်ကာ အပေါ်ထပ်တက်သွားလေရဲ့

( မေသွေးက ပဲများနေတာ ယူမယ့်အရေးကို🤭 )

မေသွေး စိတ်တိုတိုနှင့် ဖုန်းနံပါတ်တခုကို နှိပ်နေတော့သည်
( မေသွေးရဲ့ ရန်ကို ဘယ်သူအရှာခံရမလဲပါ့ )

" ဟဲလို ‌ကလေးမ "

" ရှင်မလား "

" ဘာကိုလဲ ကလေးမရဲ့ "

" ရှင် အခုမှမသိချင်ယောင်ဆောင် မနေစမ်းပါနဲ့
ရှင်နဲ့ မလိုက်ဘူးသိလား "

" ဘာတွေ ပြောနေတာလဲ ကိုယ်တကယ်မသိဘူး"

" ဟမ် ရှင့်မေမေကိုပြောပြီး ကျွန်မနဲ့ ရှင့်ကို စေ့စပ်ခိုင်းတာမဟုတ်ဘူးလား ပြော "

" မဟုတ်တာကွာ ကိုယ်တောင် ခုအိမ်ပြန်ရောက်လို့ မေမေပြောမှသိတာ "

" ဒါဆို အန်တီ့လက်ချက်ပေါ့ "

" အွန်းပေါ့ မေမေက သူ့ချွေးမလေးကို တခြား သူလက်ထံ အပါမခံနိုင်လို့ စေ့စပ်ဖို့ ကမ်းလှမ်းလိုက်တာတဲ့ "

" သိတယ် မေမေပြောတယ် "

" အာ့ကို ကိုယ့်ကိုဘာလို့ရန်လာရှာနေရတာ "

" မသိလို့ဟာကို "

" ဟုတ်ပါပြီဗျာ။ဆေးလဲသောက်အုံးနော် စားထားတာ အများကြီး အစာမကြေဖြစ်လိမ့်မယ် '

" သိပါတယ် ကျွန်မလဲ ဆေးကျောင်းတက်နေတဲ့သူပါ အဲ့လောက်တော့သိတယ် ဟွန့် "

Favorite person Where stories live. Discover now