" အားးးး အိပ်လို့ကောင်းလိုက်တာ
ဘယ်နှနာရီ ရှိပါပြီလိမ့် "ဖုန်းကိုကောက်ကိုင်ကာ နာရီကြည့်တော့ 9 နာရီ
" ဟင် ငါအဲ့လောက်တောင် အိပ်ပျော်သွားတာလားဟ။ လင်းလက်လဲ ဖုန်းတွေခေါ်ထားလို့ "
ပြောရင်းဆိုရင်း လင်းလက်ဆီက ဖုန်းဝင်လာတော့
" အေး လင်းလက် "
" သေနေလိုက် မယ်မင်းကြီးမ။ငါဖုန်းဆက်တာတောင် မသိရလောက်တဲ့အထိ သေနေ နော် "
" ဟဲ အိပ်ပျော်သွားလို့ပါ နင်ကလဲ "
" နင်ကံကောင်းတယ် ဒီနေ့ကျောင်းပိတ်လို့ "
" အမ်း "
" ဖုန်းတွေခေါ်ထားတာ ဘာဖြစ်လို့လဲ "
" ကိုလွန်းမာန်ခ နင့်ကိုဖုန်းဆက်တာ မကိုင်လို့ စိတ်ပူပြီး ငါ့ကိုမေးတာ ။ငါ့ဖုန်းကိုလဲ မကိုင်တော့ သူ နင့်အိမ်လိုက်သွားပြီလို့ပြောတယ်။ မရောက်လာသေးဘူးလား "
" မသိဘူးလေ ခုမှ အိပ်ရာနိုးတာကို "
ဒေါက် ဒေါက် ဒေါက်
" အထဲက မယ်တော်မ အောက်မှာ သားရောက်နေတယ် မြန်မြန်ထွက်ခဲ့ "
" ဟော ကြားလား အသက်ရှည်အုံးမယ် ပြောရင်းဆိုရင်း အောက်မှာရောက်နေပြီတဲ့ ဒါပဲ "
" အေအေ "
" ဟုတ်လာပါပြီ "
မေသွေး ရေချိုး အဝတ်လဲပြီးမှ ဆင်းလာတော့ 10 နာရီပင်ထိုးနေပြီ
အိမ်နေရင်း စပန့်ဂါဝန်လေး ဝတ်ပြီး ဆင်းလာတော့ တမေ့တမော ကြည့်နေတဲ့ လွန်းမာန်ခ
" ဟေ့လူကြီး ဘာကြည့်နာ။တခုခုပေနေလို့လား "
" မဟုတ်ပါဘူး လှလို့ "
" မမြှောက်ပါနဲ့။ မုန့်ဝယ်ကျွေးပါ့မယ် "
" အဟမ်း တကယ်ပြောတာကို "
" ဟုတ်ပါပြီရှင် "
" မနက်စာ မစားရသေးဘူးမလား
သွားမယ်လေ "" အွန်း "
" ဘယ်ကိုသွားမလဲ "
" လူကြီးသဘောလေ ဘယ်သွားသွား "

YOU ARE READING
Favorite person
Romanceသိပ်ချစ်ရတဲ့ အမျိုးသားရယ် ထိုသူနဲ့တူတဲ့ ကိုယ်ပွားလေးရယ် ကိုယ့်ဆီမာ သူတို့လေးရှိရင် အရာရာပြီးပြည့်စုံသွားပြီ