" သမီးရေ သမီး ဟော့တော့ မထသေးဘူးနဲ့တူပါရဲ့ "
" ရတယ်အန်တီ ကျနော်သွားနိုးလို့ရမလားဗျ "
" သွားလိုက်သား လှေကားရဲ့ ညာဘက်ကအခန်း "
" ဟုတ်ကဲ့ " ဟုဆိုကာ လွန်းမာန်ခ အပေါ်ထပ်ကို တက်သွားတော့သည်။
ဒေါက် ... ဒေါက် ....
" မေ မထသေးဘူးလား "
တံခါးလက်ကိုင်ကို လှည့်ကြည့်တော့ lock မချထားသည်နှင့် " ကိုယ်ဝင်လာပြီနော် " ပြောကာ မေသွေး၏ အခန်းလေးထဲသို့ဝင်သွားတော့သည်။
" အာကွာ ခုထိအိပ်နေတုန်းပါလား "
" ချစ်စရာလေးကွာ အိပ်နေတာလေးကိုက "
လွန်းမာန်ခ အသဲယားစွာဖြင့် မေသွေးကို တမေ့တမော ထိုင်ကြည့်နေတုန်း အိပ်ရာပေါ်က လှုပ်စိလှုပ်စိ နဲ့နိုးလာတဲ့ ကလေးပေါက်
" ဟာ ဘယ်တုန်းကရောက်နေတာ "
" အွန်းးး ကြာလှပေါ့ ကိုယ့်ချစ်သူလေး အိပ်နေတာလေးက ချစ်ဖို့ကောင်းလွန်းလို့ ထိုင်ကြည့်နေတာ "
" ဟာနော် သူများရုပ်ဆိုးတာတွေ မြင်ကုန်ပြီ "
" မဆိုးပါဘူးကွာ ဒီလောက်ချစ်ဖို့ကောင်းတာကို "ဟုပြောပြီး
" ပြွတ်စ့် " ရုတ်တရက်နှုတ်ခမ်းလေးကို နမ်းလိုက်တော့
" မျက်နှာသစ်ရသေးဘူးလေ "
" မသစ်ရသေးလဲ နမ်းတယ်ကွာ ပြွတ်စ့် ပြွတ်စ့် "
မေသွေး၏ မျက်နှာတခုလုံး အနမ်းမိုးရွာချနေသော လွန်းမာန်ခ
လွန်းမာန်ခရဲ့ နမ်းနေတာလေးကို ပီတိဖြာပြီး ကျေနပ်နေသော မေသွေး( လိုက်လဲ လိုက်ပါပေတယ်ဗျာ 🥹 )
" ကဲတော်ပါတော့ မျက်နှာတောင် သစ်စရာမလိုတော့ဘူး "
" ဟီးးး လာ ကိုယ်သစ်ပေးမယ် "
" ကလေးလား မျက်နှာတော့ သစ်တတ်ပါတယ် "
" မရဘူး ကိုယ့်မိန်းမလေးကို ကိုယ်ကသစ်ပေးချင်တာ " ဆိုကာ မေသွေးကို အိခနဲပွေ့ချီပြီး ရေချိုးခန်းထဲကို ခေါ်ဝင်သွားတော့သည်။
Toilet ပေါ်မှာ ထိုင်ခိုင်းပြီးတော့ သူကိုယ်တိုင် မျက်နှာသစ်ပေး သွားတိုက်ပေးတော့သည်။
![](https://img.wattpad.com/cover/330545872-288-k306379.jpg)
YOU ARE READING
Favorite person
Romanceသိပ်ချစ်ရတဲ့ အမျိုးသားရယ် ထိုသူနဲ့တူတဲ့ ကိုယ်ပွားလေးရယ် ကိုယ့်ဆီမာ သူတို့လေးရှိရင် အရာရာပြီးပြည့်စုံသွားပြီ