မေသွေးတစ်ယောက် ပျော်ရွှင်စွာနှင့် အဝတ်တွေရွေးနေတာကို အပြုံးမပျက်ထိုင်ကြည့်နေသူမှာ လွန်းမာန်ခပင်
" ကိုကို "
" ..... "
ငေးမြဲငေးဆဲ
" ကိုကိုလို့ "
" ဗျာ ဗျာ "
" ဒါလေးလှလား "
" ကိုကို့သဲလေးနဲ့က အကုန်လှတယ် လူလေးက
လှပြီးသားမို့ "" ဒီလူကြီး အရမ်းအပြောတတ် "
" ချစ်တတ်တာပါ ကလေးရယ် "
" ဟုတ်ပါပြီရှင် "
" ဝတ်ကြည့်လေ ကလေးပေါက် "
" ဟုတ် ကိုကို "
အဝတ်လဲပြီး ထွက်လာသောအခါ
* သိပ်ကို လှလွန်းတဲ့ ကလေးပါဗျာ
ဘယ်လိုတွေတောင် လှရက်ရတာလဲ ကလေးရယ်
ကလေးအလှတွေကို တခြားလူတွေ မြင်ကုန်မှာတောင် စိုးလာပြီကွာ ဘာလို့ဒီလောက်ထိ ပြုစားနေရတာလဲ အချစ်ရယ် သိပ်ကို မြတ်နိုးမိပါတယ်ဗျာ *မေသွေးကို ငေးရင်း တွေးမိနေလေရဲ့
" ကိုကို အဆင်ပြေလား မေသွေး နဲ့ "
လွန်းမာန်ခက အနားလေးကပ်ကာ
" သိပ်လှလွန်းလို့ အပိုင်သိမ်းချင်မိနေပြီ " ဟု တိုးတိုးလေးပြောသွားသော်လည်း မေသွေး၏ နားထဲတွင် စည်ကြီးအလား ကြက်သီးများထသွားရလောက်တဲ့အထိ ကျယ်လောင်သွားလေသည်။ ထိုနည်းတူစွာ သူမရဲ့ အလိုက်မသိသော ရင်ခုန်သံမှာလဲ အတိုင်းမသိ ခုန်ပေါက်ပြေးလွှားနေလျက်ပင်။
" ကိုကိုနော် " ဟုဆိုပြီး မျက်စောင်းလေးပစ်ကာထိုးလိုက်တော့ လွန်းမာန်ခမှာ ကျရှုံးပြီးရင်း ကျရှုံးမိနေပါတော့သည်။
" ဒီကလေး အရမ်းပြုစားတာပဲ "
" ဟင့်အင်း ပြုစားတာ မဟုတ်ဘူး
ကိုကို့ရှေ့မှာပဲ ချွဲနွဲ့တတ်တဲ့ အမျိုးသမီးလေး "" အဟားး ဒါပေါ့ဗျာ
ကိုကို့ ကိုပဲ ချွဲ
ကိုကို့ ကိုပဲ ဆိုး
ကိုကို့ ကိုပဲ ရစ်
ကိုကို့ ကိုပဲ ချစ်
အချစ်နဲ့ပတ်သက်ပြီး ကိုကို အရာရာ အတ္တကြီးချင်တယ် အချစ် "

YOU ARE READING
Favorite person
Romanceသိပ်ချစ်ရတဲ့ အမျိုးသားရယ် ထိုသူနဲ့တူတဲ့ ကိုယ်ပွားလေးရယ် ကိုယ့်ဆီမာ သူတို့လေးရှိရင် အရာရာပြီးပြည့်စုံသွားပြီ