မေသွေးကို သွားကြိုဖို့ အလုပ်
" Rose နင်လိုက်မှာမလား ။ ငါ့အသဲကျော်လေးကို သွားကြိုမလို့ "
" အေး လိုက်မယ်လေ ။ငါလဲတွေ့ဖူးချင်တယ် "
" အွန်း လာသွားမယ် "
" အိုကေပါ "
" ခင်မျိုး အလုပ်ကိစ္စ တခုခုပေါ်ရင် ဖုန်းပဲဆက်လိုက် ။ကိုယ်မရှိတော့ စောစောဆင်းလိုက်ပေါ့ "
" ဟုတ်ကဲ့ဆရာ "
မေသွေး၏ ကျောင်းကိုရောက်တော့
" နေအုံး ငါ့ကလေးလေးကို ဖုန်းဆက်လိုက်အုံးမယ် "
" အေးပါဟယ် ဖြစ်ပျက်နေလိုက်တာ "
" ဘာဖြစ်လဲ "
လွန်းမာန်ခ ဖုန်းကိုထုတ်ပြီး သူ့အချစ်ရှိရာသို့ ဖုန်းဆက်တော့သည်။
" ဟဲလို လူကြီး "
သူ့အချစ်ရဲ့ အေးမြလှတဲ့ အသံလေးကြားလိုက်ရတော့ တနေကုန်ပင်ပန်းထားတာ ပျောက်ခြင်းမလှ ပျောက်သွားတော့သည်
အမေပြောတဲ့ အမောပြေဆိုတာ ဒါပါလား🥹" ကိုယ်ကျောင်းရှေ့ရောက်နေပြီ "
" ဟင် လာကြိုမယ်လို့လဲ မပြောဘူး "
" ဟဲ ခုကျောင်းမှာ မဟုတ်လို့လား "
" ဟုတ်တယ် အတန်းစောစောဆင်းတော့ ရေခဲမုန့်ဆိုင်ရောက်နေတာ "
" ဘယ်နားကဆိုင်လဲ "
" ကျောင်းနဲ့ နဲနဲလှမ်းတယ် "
" ကိုယ်လာခဲ့မယ် အဲ့မှာပဲစောင့်နေနော် "
" ဟုတ်ကဲ့ "
" ဟဲ့ ဘာတဲ့လဲ "
" အတန်းစောစောဆင်းလို့ ရေခဲမုန့်ဆိုင်ရောက်နေတယ်တဲ့ "
" ဪ သွားလေ အာ့ဆို "
ဆိုင်ရောက်တော့
" ဟဲ့မေသွေး နင့်လူကြီးဘေးမှာ မမချောချောလေး တယောက်ပါတယ် "
" ဟင် " ဟုဆိုပြီး လှည့်ကြည့်တော့ လင်းလက်ပြောတာ အမှန် သူ့ဘေးနားက မမက အရမ်းချောတာပဲ အားကျလိုက်တာ😞
* လူကြီးက ဘာဖြစ်လို့ သူ့ကိုခေါ်လာရတာလဲ ပြီးတော့ သူကရော လူကြီးနဲ့ ဘာတွေလဲ ဒါမဟုတ် လူကြီးရဲ့ ငယ်ချစ်တွေများလား ကြည့်ရတာ လူကြီးနဲ့ ရွယ်တူလောက်ပဲ ငါ့ကိုအပျော်ဆိုပြီး အဲ့အမကို ယူမှာဆိုပြီး ငါ့ကိုလာပြောတာလား အားးးးရူးတော့မှာပဲလူကြီးရာ *

YOU ARE READING
Favorite person
Romantikaသိပ်ချစ်ရတဲ့ အမျိုးသားရယ် ထိုသူနဲ့တူတဲ့ ကိုယ်ပွားလေးရယ် ကိုယ့်ဆီမာ သူတို့လေးရှိရင် အရာရာပြီးပြည့်စုံသွားပြီ