နေ့တိုင်းညတိုင်း မင်းနဲ့အတူ Ring..Ring..Ring..
ချစ်စရာတွေ ဖွဲ့နွဲ့ပြောမယ် Ring..Ring..Ring.." ဟဲလို "
" အိပ်ပုတ်လေး မထသေးဘူးလား "
" ဟွန်း စောရီးရှိသေးတာကို "
" ကျောင်းဖွင့်တယ်လေ ဘယ်မှာစောတော့လို့လဲ ခုပဲ 9 နာရီထိုးတော့မယ် "
" ဟင် ဟုတ်လား "
" ဟုတ်ပါ့ဗျာ "
" ဟာ ဒုက္ခပဲ practical ရှိတယ် အားးး "
" အေးဆေးပေါ့ 10 နာရီမှမလား "
" အွန်း ဟုတ်သားပဲ ဟီးးးဟီးး "
" ကိုယ်လာခေါ်မယ် အဆင်သင့်လုပ်ထား "
" ဟုတ်ကဲ့ပါရှင့် "
မေသွေး ရေချိုး အဝတ်လဲကာ ဆင်းလာတော့
" ဟိုမှာ မယ်မင်းကြီးမ လာပါပြီတော် "
" ဟီးးး မေမေကလဲ နဲနဲပြင်နေလို့ပါ "
" သားခေါ်သွားပြီနော် အန်တီ "
" သားရယ် မေမေပေါ့ ဘာအန်တီလဲ "
" ဟုတ်ကဲ့ မေမေ "
" တည့်နေလိုက်ကြတာ ဒီက သမီးအရင်းလား ချွေးမလား "
" သမီးလေးကို ချစ်သလို သားကိုပဲ ချစ်တာပေါ့ "
" ဟွန့် မေမေနော် ကံကောင်းသွားတယ် နို့မို့ဆို မေသွေးစိတ်ဆိုးလိုက်မှာ "
" အမလေးတော် မအေကိုပါ စိတ်ဆိုးချင်နေသေးတာ သူက "
" ဟီးး သွားပြီ တာ့တာ မွ "
" ဂရုစိုက်သွားကြနော် "
ဒေါ်ဆွေဇင်တစ်ယောက် ကြည်နူးပီတိတွေ ဝေဆာနေတော့သည်။
" လူကြီး ကျောင်းနားက ကန်တင်းဆိုင်တဆိုင်မှာပဲ စားလိုက်တော့မယ် "
" ဟုတ်ပြီ ဒါဆို ကိုစားနေကျဆိုင်ကိုသွားတာပေါ့"
" ဟုတ် "
ဆိုင်ရောက်တော့
" ဟာ ဆရာသမား "
" ဟဲဟဲ ခုမှပဲ တွေ့ဖြစ်တယ်ဗျာ "
" ဟုတ်ပါ့ကွာ မင်းလဲ ပျောက်လှချည်လား "
" ကျနော် ဆေးရုံကိစ္စလေးရယ် ဘာညာလုပ်နေရလို့ပါဗျာ "

YOU ARE READING
Favorite person
Romanceသိပ်ချစ်ရတဲ့ အမျိုးသားရယ် ထိုသူနဲ့တူတဲ့ ကိုယ်ပွားလေးရယ် ကိုယ့်ဆီမာ သူတို့လေးရှိရင် အရာရာပြီးပြည့်စုံသွားပြီ