Episode 10

260 3 1
                                        

" မေသွေးတို့ ရုပ်ရှင်သွားကြည့်ကြမယ်ဆို "

" ဟုတ်တယ် "

" လာ ကိုယ်လိုက်ပို့ပေးမယ် "

" အားလို့လား "

" ကလေးအတွက်ဆို အမြဲအားယားနေတဲ့ လူကြီးပါဗျာ "

" ဟွန့် သွားပါ အပိုတွေ "

" ဟော့ လိုတောင် လိုနေသေးတယ် မယုံရင်ဝင်ကြည့်လှည့် " အင်္ကျီချွတ်ပြမယ်လုပ်နေတော့သည်။

" ဟာနော် ရုံးခန်းထဲမှာကို "

" ဘာလဲ အခြားနေရာမှာပြရမာ‌လား "

" ရှင်နော် မညစ်ပတ်နဲ့ "

" ချစ်လို့စတာပါဗျာ "

" ဟီးး မေသွေးလဲ ချစ်တယ် "

" လာ လင်းလက်ကိုခေါ်ပြီးသွားကြမယ် "

" ဟုတ် "

ရုံးခန်းထဲက ကြည်ကြည်နူးနူး ပြုံးပျော်ပြီး ထွက်လာတဲ့ အတွဲကို လင်းလက်မြင်တော့သွေးတက် 🥲

" ဟဲ့ တွဲနေကြပြီလား "

" ဟဲဟဲ "

" ကလေး မြန်မြန်လာ "

" ဟုတ်ကဲ့ "

" စွာစိမ ခုကျ ဟုတ်ကဲ့တဲ့ "

" တိတ်တိတ်နေ ဟွန့် "

" အေးပါဟယ် အေးပါ "

ရုပ်ရှင်ရုံရောက်တော့

" ဘာစားအုံးမလဲ "

" အမ် တော်ပြီ ပေါက်ပေါက်ကော ကိုလာကောရှိနေပြီလေ အပြန်ကျမှ မာလာရှမ်းကောစားမယ် "

" ဟုတ်ပါပြီဗျာ "

" ဟွန့် အမြင်ကိုကပ်တယ် "

" မလိုက်နဲ့လေ အာ့ဆို "

" လိုက်မှာပဲ "

" ဟွန့် "

သူများတွေ ရုပ်ရှင်ကြည့်နေချိန် တယောက်သောသူကတော့ သူမ ရဲ့မျက်နှာလေးကို ထိုင်ငေးနေလေရဲ့

သူမ ဆိုတာလေ ပြုံးနေရင် အရမ်းချစ်ဖို့ကောင်းတာဗျ။တခါတခါ ကလေးလေးကျနေတာပဲ။တခါတခါ မဟုတ်ပါဘူးဗျာ အမြဲလိုလို ကလေးလေးအတိုင်းပဲ။ပါးလွှာတဲ့ နှုတ်ခမ်းလေးနဲ့ ချော့မွေ့နေတဲ့ မျက်နှာလေးက အမှောင်ထဲမှာတောင် လှပနေလွန်းတယ်။သူမ ကလေအခြားသောသူတွေအတွက် လှပချင်မှ လှပလိမ့်မယ် ချစ်စရာကောင်းချင်မှ ချစ်စရာကောင်းလိမ့်မယ် ကိုယ့်အတွက်တော့ အရုပ်မလေးအတိုင်းပဲ။ကိုယ်ကပဲ သိပ်ချစ်မိလို့များလား။ကိုယ်ကတော့ ကံကောင်းတာပေါ့ သူမ လိုချစ်စရာကောင်းတဲ့ အမျိုးသမီးလေးကို ပိုင်ဆိုင်ခွင့်ရခဲ့လို့။သိပ်ချစ်တယ်မေရယ်။

Favorite person Where stories live. Discover now