Episode 7

187 10 2
                                    

မေသွေး အလျင်အမြန်ကားပေါ်က ဆင်းပြီး
လွန်းမာန်ခကို မနှုတ်ဆက်ဘဲ အိမ်ထဲသို့ပြေးဝင်လေရဲ့

" ဟဲ့ မယ်မင်းကြီးမ ဘာဖြစ်လာတာလဲ "

မေသွေးရဲ့ မေမေစကားကို ပလစ်ပြီး ရှက်ရှက်နှင့် အပေါ်ထပ်ပြေးတက်သွားတော့သည်။

" ဟဲ့ မပြေးနဲ့လေ ချော်လဲနေမယ် "

အခန်းထဲရောက်တော့

" အားးးးးး ငါ့ရဲ့ first kiss လေး " ဆိုပြီး နှုတ်ခမ်းကိုကိုင်ကာ အတွေးထဲပြန်ဝင်လာတဲ့ ပုံရိပ်တချို့

ဘယ်ဘက်ရင်အုံလေးကို စမ်းကြည့်တော့ ရင်ခုန်နှုန်းတွေ ပေါက်ထွက်မတတ်ဖြစ်နေတဲ့ နှလုံးသား

" ဟူးးးး ဒီပုံစံအတိုင်းသာဆို ငါ နှလုံးရောဂါ
ရတော့မယ် "

အိပ်ရာပေါ်ပစ်လဲ လိုက်ပြီး အချိန်ခဏလေးအတွင်းအိပ်ပျော်သွားတဲ့ မေသွေး

_______________________________________

လွန်းမာန်ခ နှုတ်ခမ်းလေးကို ကိုင်ပြီး သူ့တပည့်တွေ ရှိတဲ့အရပ်သို့ ခြေဦးတည့်လေရဲ့

" ဆရာ "

ခပ်ပြုံးပြုံး ဖြစ်နေတဲ့ မျက်နှာထားကိုတည်ကာ

" ဟိုကောင်ကော "

" ဟုတ် အခန်းထဲမှာပါ "

" အေး ဟုတ်ပြီ "

အလင်းရောင် ထွန်းလင်းမှုမရှိ မှောင်မိုက်နေတဲ့ အခန်းထဲ ဝင်လာတဲ့ လွန်းမာန်ခ

တင်းရင်းနေသောမျက်နှာနှင့်အတူ ကြက်သီးထဖို့ကောင်းလှသော အကြည့်

( ‌အမလေးးး ရေးရင်းနဲ့တောင် လန့်တယ် 🥹 )

" ‌မင်းရဲ့ သခင်က ဘယ်ကောင်လဲ "

" ‌တေဇ တိတ်ခွာပေးလိုက် "

" ဟုတ်ကဲ့ ဆရာ "

" ဖြေ မင်းရဲ့သခင်က ဘယ်ကောင်လဲ "

" မဖြေဘူး "

" အေးဆေးမေးနေလို့ မဖြေတော့လဲ ကြမ်းရတော့မှာပေါ့ "

" ဓားပေး တေဇ "

ဓားကိုယူကာ လက်မောင်းကို မွန်းလိုက်တော့သည်။ထို့နောက် ရေခဲရေယူကာ ခေါင်းမှစလောင်းချတော့

Favorite person Where stories live. Discover now