Uni
အမှာစာ
ကျွန်တော်က စာဖတ်ခြင်းကို BL Ficတွေကနေစပြီး အရင်းတည်လာခဲ့တာပါ။
အဲ့နောက်မှ ဆရာမခင်ခင်ထူး၊ဆရာမနုနုရည်တို့ရဲ့ စာတွေ ၀တ္ထုတွေကိုစွဲလမ်းလာခဲ့ရတယ်။နောက်ပြီး ကျွန်တော့်ရင်ထဲ စွဲနေသော "ကိုးဆယ်ဆသာလိမ့်မယ်" ရုပ်ရှင်ကားကြီး ဇာတ်အိမ်တည်ရာ ဒေသသည်လည်း ကျွန်တော်ငယ်စဥ်ကတည်းက စိတ်၀င်စားမှုတွေ ပြည်နှံ့နေတဲ့ ဒေသဖြစ်သောကြောင့် အဲ့ဒေသ ၊ ယုံကြည်ကိုးကွယ်မှုတွေ ပါ၀င်သော ဇာတ်လမ်းတစ်ခုကို ဖန်တီးဖို့ လွန်စွာ စိတ်အားထက်သန်ခဲ့ရပါတယ်။
ကျွန်တော် ၁၀နှစ်သားက ထိုဒေသမှာ ဖြစ်ပျက်ခဲ့တယ့် အဖြတ်အပျက်ကိုလည်း အခြေခံပြီး ရေးသားထားခြင်းဖြစ်ပါတယ်။
ကျွန်တော် ဒီဇာတ်ကိုရေးဖို့ အဲ့ဒေသရဲ့ အခြေနေ ၊ ကိုးကွယ်မှုတွေ ကို ခရေစစ်တွင်းကျ လေ့လာစုဆောင်းခဲ့ရပါတယ်။
ဇာတ်လမ်းပါ ဇာတ်ကောင်များသည် အပြင်မှာ အမှန်တကယ် တည်ရှိနေသလား မရှိသလား ကျွန်တော်သေချာမသိသော်လည်း ထိုဒေသ ထိုယုံကြည်ကိုးကွယ်မှုတွေသည် လက်တွေ့အပြင်မှာ အမှန်တကယ် တည်ရှိသောကြောင့် တိုက်ဆိုင်မှုများ ရှိသွားရင်
ဒီနေရာကနေ ဦးစွာ တောင်းပန်အပ်ပါတယ်။သာမန် ယောက်ျား မိန်းမ ချစ်ကြိုက်ကြတဲ့ ဇာတ်မျိုးမဟုတ်ပဲ ယောက်ျားပျို ၂ဦး ရဲ့ အချစ်ကို ဖော်ညွှန်းထားသောကြောင့် အဆင်မပြေမှုများ ဖြစ်လာနိုင်သော်ကြောင့် အဆင်ပြေမှ ဖတ်ပေးရန်လည်း တောင်းဆိုချင်ပါတယ်။
================================
Zaw
အမွာစာ
ဒီနေရာကနေ ဉီးစွာ တောင်းပန်အပ်ပါတယ်။သာမန် ယောက်ျား မိန်းမ ချစ်ကြိုက်ကြတဲ့ ဇာတ်မျိုးမဟုတ်ပဲ ယောက်ျားပျို ၂ဉီး ရဲ့ အချစ်ကို ဖော်ညွှန်းထားသောကြောင့် အဆင်မပြေမှုများ ဖြစ်လာနိုင်သော်ကြောင့် အဆင်ပြေမှ ဖတ်ပေးရန်လည်း တောင်းဆိုချင်ပါတယ်။
YOU ARE READING
ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)
General Fictionဒေသတစ်ခု၏ ကိုးကွယ်ယုံကြည်မှု ၊ လူသား ၂ဦးရဲ့ ချစ်ခြင်းကို ပေါ်လွင်အောင် အလေးပေးရေးသားထားပါသည်။