(အပိုင်း ၄ )
နားဋောင်းကျ ကာ၀န်းလို့ခေါ်တယ့် နေရာလေးက တကယ်လှပတယ်။ အရှေ့ဘက်ဘေးမှာ နားဋောင်းကျ ချောင်းလေး ၊ တောင်ဘက်မှာကတော့ ဒုဠ၀တီမြစ်။ အလယ်က အငူလေးမှာ ဘုရားတည်ထားတာ။ ဒီမှါလဲ လူက အများသားပါပဲ။ ခန့်နောင်တို့ လှေဆိပ်ကနေ ထမင်းစားကြတယ်။ နောက်ပြီး ဘုရားဆီသွားတယ့် လမ်းကလေးကနေ ဘုရားဆီကို လျှောက်လာခဲ့တယ်။ တကယ့်တောလမ်းလေး။ ဇီးပင် ၊ တမာပင် တွေနဲ့ အရိပ်ရပါတယ်။ လမ်းဘေးမှာလဲ စျေးသည်လေးတွေ၊
ဇီးသီးခြောက် ၊ သရက်ပြားလို့ခေါ်တဲ့ သရက်သီးမှည့်ကို ကြိတ်ပြီး အပြားလိုက် အခြောက်ခံထားတဲ့ အပြားလေးတွေ၊ သံပ ရာသီး ကိုဆားနယ်ပြီး အခြောက်လှန်းထားတဲ့ သံပရာပြားလေးတွေ။ ဒီနေ့အတွက် စျေးသည်တွေကလည်း မျက်လုံးမဖွင့်နိုင်အောင် ရောင်းအောင်းတယ့်အချိန်တွေပေါ့။ဒီကာ၀န်းမှာတော့ လည်စရာသိပ်မရှိပါဘူး။
ဘုရား သုံးလေးဆူလောက်ရယ် နတ်နန်းတွေရယ်ပဲ ရှိတယ်။ နွယ်တို့ ခက်ခက်တို့ကတော့
မိန်းမသားပီပီ နတ်ကိစ္စ ဓာတ်ကိစ္စများလုပ်နေကြတယ်။ ခန့်နောင်တော့ အယုံအကြည်ရှိသူမဟုတ်။ နတ်တွေ သိုက်တွေက တကယ်ရှိနေတာလား မရှိဘူးလား ဆိုတာ ဘယ်သူကမှ အတည်တကျ ပြောနိုင်တာမဟုတ်ဘူး။ဘုရားဟောထားတဲ့အတိုင်းဆိုရင် မမြင်နိုင်တဲ့လောကသားတွေက ရှိနိုင်တယ်တဲ့။ သူတို့တကယ်ရှိသည် ဖြစ်စေ မရှိသည်ဖြစ်စေ ခန့်နောင်ကတော့ မလေးမစားမလုပ်ဘူး။ လူလူချင်းတောင် လေးစားရသေးတာပဲလေ။ မမြင်နိုင်တယ့်သူတွေ ကိုလဲ လေးစားရမှာပေါ့။နွယ်တို့ ခက်ခက်တို့ ကိစ္စ ဝိစ္စတွေပြီးတော့ သူငယ်ချင်း တစ်သိုက် လှေဆိပ်ကို ပြန်ဆင်းခဲ့ကြတယ်။ လှေထိုးသားလေးကတော့ အပြုံးနဲ့ကြိုဆိုလို့။
ဒီလိုနဲ့ ဟိုဘက်ကမ်းကို ပြန်ရောက်သွားခဲ့တယ်။ လှေသမားလေးကို ပိုက်ဆံရှင်းပေးပြီး သူကတော့ နောက်ထပ် ခရီးသည်တွေ ရလို့ နောက်တခေါက် ထပ်ထွက်ရအုံးမှာ။ မောင်လူချောက" တာ့တာ့ "တွေ ဘာတွေပြပြီး နှုတ်ဆက်နေတာ ပါးစပ်ကလဲ တစ်ခုခုအော်ပြောနေတာ ခန့်နောင်တို့က သီချင်းသံတွေနဲ့မို့ မကြားလိုက်ဘူး မကြားပေမဲ့ တဖက်ကနှုတ်ဆက်နေတော့လည်း ခန့်နောင်ခေါင်းပဲ ငြိမ့်ပြလိုက်တော့တယ်။
ခင်ဖို့ ကောင်းလိုက်တဲ့ ကလေး။
ESTÁS LEYENDO
ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)
Ficción Generalဒေသတစ်ခု၏ ကိုးကွယ်ယုံကြည်မှု ၊ လူသား ၂ဦးရဲ့ ချစ်ခြင်းကို ပေါ်လွင်အောင် အလေးပေးရေးသားထားပါသည်။