(အပိုင်း -၁၂)
တပေါင်းကနေ တန်ခူးသို့ကူးပြောင်းလာပြီ။
နေရဲ့ အပူကလည်း တရှိန်ရှိန်နဲ့ မြင့်တက်လာသည်။ နွေဦးကနေ နွေရာသီဟူသော ဥတုထဲသို့ အလုံးစုံ ၀င်ရောက်လာသည်။နီညိုရောင် ရွက်သစ် ၊ ပွင့်သစ် ၊ ပုရစ်ဖူးတို့သည် အစိမ်းရောင်အရွက်ရင့်များသို့ ကူးပြောင်းခဲ့ပြီ။
ဖူးစ သစ်စ တမာတို့သည်လည်း ပွင့်လုဆဲဆဲ။"အာ...အား....အာ.."(ကျီးသာသောအသံ)
နေပူပူနဲ့ ရွှေကျီးကလည်း သာလိုက်တာ။
"ဟဲ့ မောင်ငယ် ကျီးက ဘယ်က အော်နေလဲ ကြည့်စမ်း"
"အမေကလည်း ဘာလုပ်ဖို့လဲ သူ့ဘာသာဘယ်ကသာသာပေါ့ ၊ ဧည့်သည်လာမလို့နေမှာပေါ့"
"ဟဲ့ မုဆိုးမအိမ် ဘယ်ဧည့်သည်လာရမှာလဲ ။
စကားမရှည်နဲ့ ကြည့်စမ်းဟဲ့""အိမ်မြောက်ဘက်
ကုက္ကိုပင်ပေါ်က အမေရေ""ဟယ်တော် မြောက်အရပ်က ကျီးသာရင် ဖူးစာရှင်လာတက်သတဲ့"
"အမေရယ် မကြီးမငယ်နဲ့ ယောက်ျားမျှော်ရတယ်လို့ "
"ဟဲ့ ဒီကောင်လေးတော့ ခေါက်ခံရတော့မယ်။ ငါက ရှေးစကားကိုပြောတာဟဲ့ ။ အိမ်ကို ဧည့်သည်လာကိုလာမှာ သေချာ ဧည့်ခံထားလိုက်နော် ငါ့အပြင်သွားအုံးမှာ။"
"ဘယ်တုံး အမေရဲ့"
"အောင်ပင်လယ်က အရီးစိန်တို့ဆီလေ
ပုန်းမကြည်မ တင်မလို့တဲ့""ဟင် နောက်ကျတယ်နော် တန်ခူးတောင်ရောက်နေပါကော"
"အေးဟယ် အပျိုမရှိလို့တဲ့"
"အပျိုတွေ ဘယ်ရောက်ကုန်လဲ"
" လင်ယူကုန်ပြီလေ ၊အမေအပျိုတုန်းကဆို ပုန်းမကြည်တင်ရင် လယ် တိုင်းကို ကန်တော့ပွဲရွက်ခဲ့ရတာ ။"
"ဟုတ်ပါပြီ ဒေါ်အပျိုကြီးရယ် သွားစရာရှိတာသွားပါ။ ပုန်းမကြည်မက ပြန်လောက်ပြီ။
ဒါနဲ့ ဘာနဲ့ သွားမှာလဲ""ဘုရား၀န်းထဲကနေ မြင်းလှည်းငှါးပြီးသွားတော့မယ် ။ စိတ်ချမယ်နော် မောင်ငယ်"
"အမေ့ ..."
"ဟဲ့ ဘာတုံး ။"
" ဟိုဟာ တောင်းခဲ့အုံး"
KAMU SEDANG MEMBACA
ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)
Fiksi Umumဒေသတစ်ခု၏ ကိုးကွယ်ယုံကြည်မှု ၊ လူသား ၂ဦးရဲ့ ချစ်ခြင်းကို ပေါ်လွင်အောင် အလေးပေးရေးသားထားပါသည်။