(အပိုင်း - ၁၀)
ခန့်နောင်တို့ မောင်ငယ့်အိမ်ကိုရောက်တော့ မိုးတောင် ချုပ်နေပြီ။ အိမ်ရှေ့ကွပ်ပျစ်ပေါ်မှာ မောင့်ငယ်အမေက ထမင်းဝိုင်းလေး ပြင်ပေးထားတယ်။ မီးမှိန်မှိန်လေး တစ်လုံးနဲ့။
ခန့်နောင် ထမင်းဝိုင်းမှာ ထိုင်ရင်း ဟင်းတွေကိုလိုက်ကြည့်မိတယ်။ အလယ်က ကြက်သားဟင်းကလွဲလို့ ကျန်တာကိုမသိ။
မောင်ငယ်တို့လည်း ထမင်းဝိုင်းမှာ လက်ဆုံစားကြမယ်လား။
ခန့်နောင်ဝမ်းသာသွားသည်။ မိသားစုလက်ဆုံစားခြင်းကို ခန့်နောင့်အတွက် ပထမဆုံးပင်။ မိသားစုအရင်းမဟုတ်ပေမဲ့ရယ်လို့ပေါ့။မောင်ငယ့်က ကြက်သားတစ်တုံးကို ဒေါ်ဒေါ်ကို ဉီးချပြီး နောက်တစ်တုံးကို ခန့်နောင်အားထည့်ပေးလိုက်သည်။
ကြက်သားချက်က စားလို့ကောင်းသည်။
အရည်သောက်လေး ချက်ထားပေမဲ့ ကြက်သားက အလွန်ချိုသည်။ခန့်နောင်ဟင်းတစ်ခွက်ကို နှိုက်ကြည့်သည်။
ဘာအဖတ်တွေပါလိမ့်။ အကောင်လိုလို ဘာလိုလိုနဲ့ အမွှေးလိုလို ခေါင်းလိုလို။
ခန့်နောင် မောင်ငယ်ကို မေးရသည်။"မောင်ငယ် ဒါက ဘာကြီးလဲ"
"ချဉ်ပေါင်ရွက်နဲ့ လက်ပံခေါင်းလေ"
"လက်ပံခေါင်း"
"ဟုတ်တယ်လေ အကို နေ့လယ်က မြင်ခဲ့တဲ့လက်ပံပွင့်ကို ပွင့်ဖတ်တွေခြွေပီး ကျန်တဲ့ခေါင်းကို အခြောက်လှန်းပြီး ချက်တာ"
မောင်ငယ်ပြောတာ နားထောင်ပြီး ခန့်နောင်စားကြည့်လိုက်သည်။ ချွဲချွဲ စိမ့်စိမ့်လေး
ချဉ်ပေါင်ရွက်နဲ့ ချက်ထားတော့ ချဉ်စူးစူးလေးဖြစ်နေသည်။ စားလို့တော့ကောင်းသား
မစားဖူးတာ စားရတော့ အသစ်အဆန်းပေါ့။
ခန့်နောင်ကသာ တိုခနဲ့ ဆိတ်ခနဲ့ စားနေတာ
မောင်ငယ်တို့ ဒေါ်ဒေါ်တို့ စားတာ ခေါင်းတောင်မဖော်ကြဘူး။----------------------------
ထမင်းစားပြီး ဒေါ်ဒေါ်က နားချင်ပြီဆိုကာ အိမ်မှာနေခဲ့သည်။ ခန့်နောင်နဲ့ မောင်ငယ်ကတော့ ဘုရားပေါ်တစ်ခါ ပြန်တက်လာခဲ့သည်။ ဘုရားထဲမှာတော့ ရွာတွေကလာကြတဲ့ ပွဲကြည့်တွေက ကိုယ့်အစုလေးနဲ့ကိုယ် နေရာယူကြသည်။ ပွဲခင်းထဲမှာလည်း မုန့်သည်၊ ဈေးသည်လေးတွေက အပြည့်။
BẠN ĐANG ĐỌC
ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)
Tiểu Thuyết Chungဒေသတစ်ခု၏ ကိုးကွယ်ယုံကြည်မှု ၊ လူသား ၂ဦးရဲ့ ချစ်ခြင်းကို ပေါ်လွင်အောင် အလေးပေးရေးသားထားပါသည်။