အပိုင်း (၁၅)
မြနန္ဒာ ရေညိုညိုရိပ်ကာသမ်းတော့ ရွှေမန်းတောင်ရိပ် တူတူခိုမယ် ခင်ပျိုမေရယ်~~~~
နတ်ချော့သံ၊ ရှမ်းဒိုးသံ တဆူဆူ အမြဲမပျက်သော နားဋောင်းကျ ကာ၀န်းသည် ဒီနေ့မှာတော့ ဓမ္မာရုံကဖွင့်သော သင်္ကြန်ဒိုးသံ သင်္ကြန်သီချင်းများနဲ့သာ ပျံ့လွင်နေသည်။
ဟော်နန်းထဲမှာ နတ်ကတော်အချို့ကတော့ အမတော်၊ အကိုတော်နဲ့ ကျန်သိုက်နန်းများကို
ပန်းဆက်နေကြသည်မှာ ဟိုတစ်စ ဒီတစ်စ။
ဒီသင်္ကြန်ရက်တွင်တော့ ဘုရားဖူး ဧည့်လာသူများ အလွန်ပါးသည်။ရွာခံတွေနဲ့ တရားနာကြွကြသော ဥပုသ်သည်တွေသာရှိသည်။ကျုံးဘေးနဲ့ ဆည်တော်လေးတွင်မူ လူအများအပြားရှိနိုင်သည်။ဘုရားတွေမှတော့ လူမစည်နိုင်။
ထိုကာ၀န်းပေါ်သို့ ခန့်နောင်ပါရောက်ရှ်ိနေသည်။ မောင်ငယ်ရဲ့ စတုဒိသာစားသုံးရေးကြောင့်သာ။ သိုပေမဲ့ ထိုလို စတုဒိသာမျိုးကို ခန့်နောင်မစားဖူးသေးပါ။လူတွေက တော့အများသား ။ ဒါတေါင်ဘုရားဖူးတွေမပါသေး။ ဘုရားဖူးတွေပါ လာရင်တော့ ကာ၀န်းပေါ်ခြေချစရာပင်ရှိမည်မဟုတ်ပေ။
မောင်ငယ်လှမ်းခေါ်သောနေရာကို ခန့်နောင် အပြေးကလေးသွား၍ထိုင်လိုက်သည်။စားပွဲဝိုင်းလေးပေါ်မှာ သံပရါသီးစိတ်လေးကတစ်ခွက်၊ နံနံပင်ကတစ်ခွက်၊ ငရုတ်သီးနဲ့ ငံပြာရည်က တစ်ခွက်စီ။ ခန့်နောင်တို့စားပွဲတွင် ရွာထဲက ကလေး၃ယောက်ပါထိုင်နေသည်။"ကိုငယ် ဘာလဲ အိမ်မှာမချက်ဘူးလားဗျ"
"လျှာမရှည်စမ်းနဲ့ မင်းမင်း
ချစမ်းပါ ပန်းကန်ကို ။
သွား... ကြာဇံဟင်းသွားယူ"ဟိုက ခင်လို့စသော ကလေးကို ဗိုက်ဆာလို့ပြန်ဟောက်လွှတ်သော မောင်ငယ်ပါလေ။ အင်း...ဆိုသာဆိုရတာ မောင်ငယ်က ရွာမှာ ကလေးဗိုလ်ပါပဲ။
ပန်းကန်ထဲမှ အငွေ့တထောင်းထောင်းထွက်နေသော ကြာဇံဟင်းကို တွေ့ရသောအခါ ခန့်နောင် ဗိုက်ဆာလာသည်။ စတုဒိသာဆိုပေမဲ့ အရည်များများ အဖက်နည်းနည်းဆိုသလိုမဟုတ်ပါ။ ကြက်ရိုးတွေ ငါးဖယ်လုံးတွေနဲ့ အဖက်များ၍ ချိုနေသည်။ ဒါမျိုးအရသာသည် မန်းလေးနာမည်ကြီးကြာဇံဟင်းခါးဆိုင်တွင်သာရနိုင်သည်။ ကြက်ရိုးများတယ်ဆိုတာတော့ မောင်ငယ်ကြောင့်သာ ၊ကြာဇံလိုက်ထည့်ပေးတဲ့ကလေးကို ဂုတ်ဆွဲထားသောကြောင့် ကြက်သားစားရခြင်းပေ။
YOU ARE READING
ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)
General Fictionဒေသတစ်ခု၏ ကိုးကွယ်ယုံကြည်မှု ၊ လူသား ၂ဦးရဲ့ ချစ်ခြင်းကို ပေါ်လွင်အောင် အလေးပေးရေးသားထားပါသည်။