(အပိုင်း - ၅)
မောင်ငယ် အကို့ကို ထူးထူးခြားခြားမှတ်မိနေတယ်။ မနေ့က နားဋောင်းကျကာဝန်းကို ပို့ခဲ့တုန်းက အခြားအကို့ရဲ့ သူငယ်ချင်းတွေလို
လှေပေါ်မှာ စကားပြောနေခြင်းမရှိဘူး။ ပတ်၀န်းကျင်ကိုပဲ ကြည့်နေတာ။ အကိုလည်း မောင်ငယ်လို့ပဲ ဒုဠ၀တိီမြစ်ကြီးကို ချစ်သွားပြီထင်တယ်။ ဒါကြောင့် မောင်ငယ် မှတ်မိနေတာပါ။ ဒီမြစ်ကြီးကို လာလည်တဲ့သူတိုင်းက
ချစ်ကြတယ်။နားဋောင်းကျနဲ့ နဂါးရုံ ဘုရားအကူး တစ်နေရာလောက်ရောက်တော့ ကမ်းစပ်ဘက်ကို မောင်ငယ် လက်အုပ်လေးချီပြီး ကန်တော့မိတယ်။ အဲ့ဒါကို အထူးအဆန်းဖြစ်သွားတဲ့ အကိုက
"ဘာဖြစ်လို့လဲ"
"ဘာမှ မဖြစ်ပါဘူး အကိုရယ် အဖေဆုံးခဲ့တဲ့နေရာလေးမို့လို့"
မောင်ငယ် ဒီနေရာလေး ရောက်တိုင်း အဖေ့ကိုလွမ်းမိတယ်။ လွမ်းတိုင်း အဖေလှေမှောက်ခဲ့တဲ့နေရာလေးကို ရောက်တိုင်း လှမ်းပြီးကန်တော့ဆဲပါပဲ။ အကိုက ပထမတော့ ထူးဆန်းနေသလို နောက်တော့ နားလည်ဟန်ဖြင့် ခေါင်းငြိမ့်ပြတယ်။
"ဒါနဲ့ မင်းနာမည် ဘယ်သူလဲ"
"ကျွန်တော်လား မောင်ငယ်"
"ဘာရယ်...မောင်ငယ် ၂လုံးတည်းလား"
မင်းအကြောင်းကို အကိုကိုပြောပြလေ ပြောပြချင်ရင်""ဟုတ်ကဲ့ပါဗျာ ကျွန်တော်နာမည်က မောင်ငယ် ၊ ရွှေစာရံ ရွာထဲက ။ အကိုကရော"
"အကိုကတော့ ရန်ကုန်က ၊ ကျောင်းလာတက်တာ"
"သြော်"
ဒါပါပဲ လှေငယ်လေးက တိတ်ဆိတ်သွားပြန်တယ်။
=============================="ဝါး... လှလိုက်တာ"
တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တာက ခန့်နောင်ရဲ့အသံ ။ ခန့်နောင် အပိုပြောတာမဟုတ်ဘူး။ ဒီမြစ်ရဲ့ အလှက ရောက်ဖူးသူတိုင်းကို အံ့သြစေမယ့် အလှမျိုး။ ဧရာ၀တီက စာဖွဲ့မကုန်တဲ့ အလှဆိုရင် ဒုဠဝတီကတော့ စာမမှီတဲ့အလှမျိုး။ အရှေ့မှာ တောင်ထီးထီးကြီး အလယ်မှာက မြစိမ်းရောင် မြစ်ရေပြင်ကျယ်
ဘေးနားမှာက ရွှေဝါရောင် စေတီလေးတွေ။မြစ်ပြင်ကျယ်ထဲမှာ လှေတွေကကူးလူးနေတယ်။
လှေက ဘုရားခြေရင်း မြစ်ဆိပ်မှာ ရပ်လိုက်တယ်။ ဘုရားပေါ်ကို ခန့်နောင်ကြည့်မိတယ်။
လူတွေ အများသားပဲ။
လှေကို တစ်နေရာ ထိုးပြီး ခန့်နောင်ရော မောင်ငယ်ပါ ဘုရားပေါ်ကို တက်ခဲ့တယ်။
أنت تقرأ
ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)
قصص عامةဒေသတစ်ခု၏ ကိုးကွယ်ယုံကြည်မှု ၊ လူသား ၂ဦးရဲ့ ချစ်ခြင်းကို ပေါ်လွင်အောင် အလေးပေးရေးသားထားပါသည်။