Part- 3 (Uni)

11 4 0
                                    

(အပိုင်း-၂)

၂၀၀၀ ခုနစ်၊ တပေါင်းလဆန်း (၁၄)ရက်

တပေါင်းလဆိုပေမဲ့ ဆောင်းရိပ်ကတော့ မပြေသေး။ "နေ့ပူ ညချမ်း တပေါင်းလဆန်း"ဆိုသလို မနက်ပိုင်းမှာတော့ မြူတွေ ထနေဆဲ။ တောရိပ် တောင်ရိပ်ကြောင့်လားရယ်တော့ မပြောတက်။ ဒီဒေသလေးကတော့ နွေပေါက်လာတာတောင် အေးဆဲ အေးမြဲ ဖြစ်သည်။

နွေရိပ်ရော ဆောင်းရိပ်ရောပါ မြင်ရသော လသည် တပေါင်းလပဲဖြစ်သည်။ ညပိုင်း မနက်အစောပိုင်းမှာတော့ ဆောင်းရိပ်ဆောင်းငွေ့ကို ခံစားရပြီး နေ့ခင်းပိုင်းဆိုရင်တော့ ဥသြသံသာသာနဲ့ နွေရိပ်ကို ခံစားလို့ရသည်။
==============================
ဒီနေ့ ၁၄ရက်နေ့ ဖြစ်သောကြောင့် မောင်ငယ် ငှက်ထွက်ဖို့ စိတ်အားသန်ပြီး အစောကြီးနိုးနေသည်။ မောင့်ငယ် အမေ ဒေါ်စောတင်ကတော့ မေတ္တာပို့ ဘုရားကန်တော့နေသည်။

"ဘဂဝါ ဂုဏ်တော်၉ပါးနဲ့ ပြည့်စုံသောမူသော မြတ်စွာဘုရားကိုယ်တော်မြတ်အား ဆီမီး၊ပန်း ၊ရေချမ်း၊ ဆွမ်း တို့ကို ကပ်လှူရခြင်းအကျိုးငှါ သတ္တဝါ အပေါင်း ကျန်းမာ ချမ်းသာ အနာမဲ့ အစင်းလှ ၍ ဥစ္စာပစ္စည်း ပေါကြွယ်၀ကြပါစေ။ "

ဘုရားရှစ်ခိုးနေသော အမေ့ကို ပြုံးပြီး ကြည့်နေမိသည်။ အဖေမရှိကတည်းက အမေက အဖေ နေရာရော အမေ့နေရာရောပါ တာ၀န်ယူပြီး ကျွေးမွေးခဲ့ရတာ။ အခုတော့ အမေလဲ အသက်ရွယ်ကငယ်တော့တာ မဟုတ်တော့ပြီ။
"ကဲ ကိုမောင်ငယ် ဘာပြုံးနေသတုံး"

"ဟီး ဒီနေ့ ငှက်ထွက်မယ်နော် အမေ နော်"

"အေးပါကွယ် ဒါမဲ့ နေ့တပိုင်းပဲ နေ့တည့်ရင် ဘုရား၀င်းထဲပဲနေ "

"ဟုတ်ကဲ့ပါ ရပါတယ် အမေရဲ့"

နေ့တစ်ပိုင်းဆိုရင်လဲ မောင်ငယ်အတွက်တော့ တွ့န်တိုစရာမရှိ။ အရှေ့က ရှမ်းတောင်းတန်းကြီးနဲ့ ကျွဲနပါးတောင်ကြီးရယ်ကို လှေစီးရင်းငယ်ငယ်က အဖေနဲ့ တူတူ ကြည့်ခဲ့ကတည်းက မောင်ငယ် အလွန် ကြိုက်ခဲ့တာ။ အဖေဆုံးသွားတော့လဲ မောင်ငယ်တစ်ယောက်တည်း ဒီ တော ဒီ တောင် ဒီမြစ်ကို အဖေအလွမ်းပြေအဖြစ်နဲ့ နှစ်တိုင်း ငှက်ထွက်ဖြစ်ခဲ့တယ်။ ပြီးတော့ ဒုဠ၀တီ ...
ရာဇ၀င်ထဲက သတို့သမီးအဖြစ်တင်စားတဲ့ဧရာ၀တီလောက် ရာဇ၀င်မကျယ် ပေမဲ့ ဒုဠ၀တီမြစ်ရဲ့ အလှနဲ့ သမိုင်းကလဲ မသေးခဲ့ပါ။ ဒီမြစ်ကို မောင်ငယ်အင်မတန်မြတ်နိုးတယ်။ချစ်တယ်။ ဒီမြစ်ပေါ်ကူးသန်းနေရင်း အဖေကိုလဲ လွမ်းတယ်။
ဒုဠ၀တီရဲ့ အလှက တောင်တွေကြားပတ်ခွေနေတဲ့ ​နဂါးတကောင်နဲ့တူတယ်။ ရေရဲ့အရောင်က ညိုသော လဲ့သော စိမ်းသော ဆိုတဲ့ အရောင်မျိုး။ စိမ်းပြီးညိုလဲ့နေတာဒါကြောင့် နဂါးတစ်ကောင်လိုပဲ ။ ဟိုးအရှေ့ ရှမ်းတောင်တန်းတွေကြားက စိမ့်ထွက်စီးဆင်းလာတာမို့ ရေက အေးကိုက်နေတယ်။ မြစ်ရဲ့ အတိမ်အနက်ကတော့ ခန့်မှန်းလို့မရ။
မြစ်ပြင်တခုလုံး ကျောက်စိမ်းအရောင် စိမ်းညို့နေတယ်ဒါကြောင့်တိမ်သလိုလိုနဲ့ နက်သည့်မြစ်။ ဒုဠ၀တီကို အမည်အမျိုးမျိုးခေါ်ကြသေးတယ်။ တချို့က မြစ်ငယ်တဲ့။
မောင်ငယ်ကတော့ အဲ့နာမည်ကို သဘောမကျ။ "ဒုဠ၀တီသည် ဒုဠ၀တီပဲ" ဒီလိုခေါ်ရတာကိုပဲ ကြိုက်သည်။ သမိုင်းဆန်တဲ့ နာမည်လေးပေါ့။
_______________________________
"အဖော်တွေ ပျော်ပျော်ပါးပါး မော်တော်ကားနဲ့ရယ်... လိုက်ခဲ့သူ.. အကုန်လုံး ခေါ်မယ်မောင်ရယ်ကွယ်... လက်ကိုင်ပဝါ ခေါင်းစည်းလေးနဲ့ တမျိုးလှလို့ခန့်ညားတယ်... အသက်မကြီးသေးပါမောင်ရယ် ထန်းရွက်ပုထီးလေးဆွဲဖို့ ရွှေစာရံကို အရောက်သွားစို့ကွယ်..."
ရွာထိပ် ဓမ္မာရုံက အဆိုတော် ညိုညိုစန်းရဲ့ ထန်းရွက်ပုထီးသီချင်းလေးက သာယာနာပျော်ဖွယ်ကောင်းလှတယ်။

ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)Donde viven las historias. Descúbrelo ahora