Part -2( Uni)

11 5 0
                                    

အတိတ်က တွေ့ဆုံခြင်း
(အပိုင်း-၁)
၂၀၀၀ခုနှစ် /တပေါင်းလဆန်း(၁၂)ရက်

"ထန်းရွက်ပုထီးလေးတွေ တစ်ကုံးမှ ၁၀၀ တစ်ကုံးမှ ၁၀၀...
ကြီးတော် ပုထီးလေးတွေ အားပေးပါအုံးဗျ။

"အေးကွယ် ၅၀၀ဖိုး ၆ကုံးပေးကွယ်  ရလား"

"ရပါတယ်ဗျ ရပါတယ် ကြီးတော်. . ရော့ ရော့"

မောင်ငယ် ခရီးသွားတစ်ယောက်အား ပုထီးရောင်းပြီး ဇောင်းတန်းမှာ နားနေစဥ် ရွာမှ ဖိုးထူးက အနားရောက်လာကာ
"ကိုငယ် ရောင်းကောင်းလားဗျ"

ဒီလိုပဲပေါ့ ပွဲတော်နီးတော့ လူကျတယ်လေ ငါ၁၅၀၀ဖိုးလောက်တော့ကုန်ပြီ။ အမေလဲ ပွဲတွေ တော်တော်ရောင်းရတယ်ကြားတယ်။

"အဲ့ဆို ညနေ ရေကူးရအောင်လေ ထွက်ခဲ့ပါ့လား ကျုပ်တို့ကလေးတွေပဲဆို အဘတို့က လွှတ်မှာမဟုတ်ဘူးဗျ။ "

"အေးပါကွာ ညနေကျ ရေခပ်ရင်း ထွက်ခဲ့မယ်။"

"ဒါဆို သွားပြီဗျာ.."

ဘာလိုလိုနဲ့ အဖေမရှိပဲ သားမိ၂ယောက်ပဲရုန်းကန်ခဲ့တာ ၁၀နှစ်တောင်ရှိခဲ့ပြီ။မောင်ငယ် ၈နှစ်လောက်က ပွဲတော်ရက် အဖေက ငှက်ထွက်ရင်း လှေမှောက်ကာခရီးသည်တွေကို ကယ်တင်ပေးရင်း အသက်ဆုံးရှာခဲ့တယ်။ အဲ့အချိန်ကနေစပြီး အမေကတစ်ယောက်တည်း
ဘုရားမှာ ကန်တော့ပွဲရောင်းရင်း ပွဲတောင်းပေးရင်းနဲ့ ရှာဖွေကျွေးမွေးခဲ့တယ်။ မောင်ငယ်ကလဲ နွေကျောင်းပိတ်ပွဲတော်ကာလရောက်ရင် အမေကိုကူရင်း ဒီမြေ ဒီဘုရားမှာ စျေးရောင်းခဲ့တာ အခုဆို ၁၀နှစ်တင်းတင်းပြည့်ခဲ့ပြီ။ ဖတဆိုးလေးမို့ အမေကအလွန်ချစ်သည် ထိုလိုပဲ မောင်ငယ်ကလဲ အမေ့ကို အလွန်ချစ်သည်။
မောင်ငယ်ဘ၀ထဲ တစ်ယောက်သောသူမရောက်လာခင်အထိပေါ့....

မောင်ငယ် ဗိုက်ဆာလာတာနဲ့ အမေရှိရာ အစ်မတော်ရဲ့ဟော်နန်း ဘုရားတောင်ဘက်ကို ထွက်လာခဲ့တယ်။ ရှမ်းဒိုးသံလှိုင်လှိုင် ဟော်နန်းအလယ် နတ်ရုပ်တွေ ၊ ကန်တော့ပွဲ တွေကြား တဘက်လေး ပုခုံးပေါ်တင်ရင်း မျက်စိမိတ်ကာ ရွက်ဖတ်ဆုတောင်းနေသော အမေ့ကို မြင်တော့ မောင်ငယ် ပြုံးမိသည်။

ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)Hikayelerin yaşadığı yer. Şimdi keşfedin