(အပိုင်း - ၆)နဂါးရုံဘုရားကနေ နားဋောင်းကျ ကာ၀န်းဆီသို့ ဒုဠ၀တီမြစ်ကို ဆန်တက်ရသည်။ နေတော်တော်မြင့်နေပေမဲ့ မြစ်ရေပြင်မှာတော့ အေးမြနေဆဲပါပဲ။ နေရောင်ခြည်က မြစ်ရေပြင်ပြင်စိမ်းစိမ်းလေးပေါ်မှာ ဖြာ၍ထွက်နေသည်။
"အကို ဗိုက်ဆာပြီလား"
"အေး နည်းနည်းဆာပြီ။ ဟိုကျတော့ ထမင်းရအောင်ကွာ"
"ကျွန်တော့်အိမ်လိုက်စားပါ့လား အကို။
အားနာစရာမလိုပါဘူး။ အမေက ဒီနေ့ အိမ်ပြန်ပြီးစားမှာမဟုတ်ဘူး""ရပါ့မလား အားနာစရာကြီ"
"ရပါတယ်။ ကိုယ့်ဧည့်သည်ပဲဟာ ၊ ရွှေစာရံရောက်ရင် သွားစားကြမယ်လေ "
"အေးပါ အေးပါ။"
အိမ်ရှင်က ဇွတ်ခေါ်နေတော့ ခန့်နောင်မငြင်းသာတော့ပါဘူး။ ရွာထဲလည်း လည်လို့ရတာပေါ့။
နားဋောင်းကျ ကာ၀န်းကတော့ နဂါးရုံဘုရားထက် လူပို၍စည်သည်။ မနေ့ကထက်ပိုစည်သည်။ နဂါးရုံဘုရားဆီက ဒီဘက်ကနေလာရင် ရေလမ်းကပဲသာသည်။ လှည်းလမ်းကမကောင်း လမ်းကြမ်းသည်။ ကားတွေတော့ထွက်ပေမဲ့ ခရီးကြာလို့ သိပ်၍လူသွားလူလာနည်းသည်။(အခုတော့ ကားလမ်းတွေပေါက်နေပါပြီ။)
နားဋောင်းကျကာ၀န်းကိုကျတော့ ရေလမ်းနဲ့လည်း လာလို့ရသလို ရွှေစာရံရွာထဲကဖြတ်ပြီး ကုန်းကြောင်းလာလို့ရသည်။ ဒါကြောင့် လူကစည်ရခြင်းဖြစ်တယ်။
ကာ၀န်းထဲရောက်တော့ မနေ့က အိုးစည်သံတညံညံရှိလှပေမဲ့ ဒီနေ့တော့ လူတွေရဲ့ ရွတ်ဖတ်ပူဇော်သံကိုပဲ ကြားနေရသည်။ ဟော်နန်းထဲမှာလည်း လူအပြည့်၊ ကန်တော့ပွဲတွေက အပြည့်ပဲ။ ဟော်နန်းနားက လူများလို့
နားဋောင်းကျချောင်းကို မျက်နှာမူထားသော
ထိုင်ခုံလေးမှာပဲ ခန့်နောင်တို့ ထိုင်လိုက်ကြတယ်။ ခန့်နောင်က မောင်ငယ်ကို ကြည့်နေတော့ မောင်ငယ်သဘောပေါက်စွာဖြင့်"ဒီချောင်းလေးက နားဋောင်းကျချောင်းတဲ့၊
ဒီကာ၀န်းလေးက နားဋောင်းကျခဲ့တဲ့နေရာပေါ့၊ နောက်ပြီး အဓိဌာန်ပြုခဲ့တဲ့နေရာ""ဟာ မင်းကလည်း အစုံရှင်းလေကွာ ၊ အရှင်းမရှိ အဖျားမရှိနဲ့ ဘယ်ကိုအစကောက်ရမှာလဲ၊ ဘယ်သူနားဋောင်းလဲ"
ESTÁS LEYENDO
ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)
Ficción Generalဒေသတစ်ခု၏ ကိုးကွယ်ယုံကြည်မှု ၊ လူသား ၂ဦးရဲ့ ချစ်ခြင်းကို ပေါ်လွင်အောင် အလေးပေးရေးသားထားပါသည်။