Part - 10 (Uni)

8 2 0
                                    


(အပိုင်း -၉)

ဖိုးပွါးဘုရားစုဆိုပေမဲ့ ဘုရားပုံစံတွေက ပုဂံကဘုရားတွေကို ဂူဘုရားမျိုးတွေဖြစ်သည်။
ဘုရားက ၃ဆူပဲရှိသည်။ ဖိုးကုလား ၊ ဖိုးပေါ်၊ ဖိုးပွါးဆိုတဲ့ နာမည်များနှင့်သာ။

"ဒီဘုရား ၃ဆူက ပုဂံဘုရားတွေလိုပဲ။ ဂူသွင်းထားတာ ကျွန်တော်ထင်မိတာကတော့လေ အနော်ရထာ စေလွှတ်လိုက်တဲ့ သူတွေက တည်ထားတာလို့ပဲ ထင်တယ်။ကျွန်တော်ထင်တာ ပြောတာနော် ဆရာလုပ်တာမဟုတ်ဘူး"

ဘုရားတွေကို ခန့်နောင်ကြည့်မိသည်။ ပုဂံခေတ်ပုံစံအတိုင်းပဲ။

"အထဲကို ၀င်ကြည့်ရင် ပိုပြီးတူတယ်လာ အကို "

အထဲရောက်တဲ့အခါ ခံစားချက်က ပုဂံဘုရားတွေနဲ့ ပို၍ပင်တူလာသလိုပဲ။
ဘုရားဆင်းတုတော်နောက်ကို ပတ်လမ်းတစ်ခုက လိုဏ်ဂူသဖွယ် ဖောက်လုပ်ထားတယ်။(အခုတော့ စေတီတွေကို ပိတ်ထားလိုက်ပါပြီ)
ဘုရားဆင်းတုတော်ရှေ့မှာတော့ ကျောက်တုံးတစ်တုံး ချထားပြီး ဖယောင်းတိုင်လေး ထွန်းထားတယ်။
ခန့်နောင် နားမလည်သလိုကြည့်နေတော့ မောင်ငယ်၀င်ရှင်းရတော့မယ်။

"ဒီ​ကျောက်တုံးက အဓိဌာန်ပြီး ​ကျောက်ချိီတာလေ။ ဘာကိစ္စအဆင်ပြေပါရင် ပန်းလိုပေါ့ပါစေဆိုပြီး မရတာ ။ အဆင်ပြေမယ်ဆို ပေါ့တယ်။ မပြေဘူးဆို မပေါ့ဘူးပေါ့ ဒါပါပဲ။"

ခန့်နောင်ပိုပြီး နားရှုပ်သွားသည်။

"ဘယ်လိုလဲ မောင်ငယ်ရဲ့"

"သြော် အကိုကလည်း အကိုစာမေးပွဲအောင်ရင် ဤကျောက်တုံးက ပန်းလေးတမျှ ပေါ့ပါစေလို့ ပြောပြီး မ ကြည့်။ မ လို့ ပန်းလေးကို ပေါ့ရင် အကို အောင်မယ်ပေါ့ အဲ့လိုသဘောပါ"

"တကယ်ရော အောင်လို့လား"

အဲ့မေးခွန်းမေးလိုက်တော့ မောင်ငယ်ရဲ့ မျက်စောင်းက ဒိန်းကနဲ့။ ခဗျားက ဘာမယုံတာလဲဆိုတဲ့ မျက်စောင်းမျိုး။

"သမာဓိရှိတဲ့သူတွေကတော့ အဓိဌာန်အောင်တာပေါ့။ မရှိတဲ့သူတွေကတော့ ဘယ်လိုလုပ် အောင်မလဲ"

"မောင်ငယ်ရော ကျောက် မ ဖူးလား"

"ကျွန်တော်ရဲ့ ဘ၀ အခြေနေကို ကျောက်တုံးလေး မပြီး မဆုံးဖြတ်ပါဘူး။ ဖြစ်သမျှက ကံကြောင့်ပဲလေ။ လာပါ ကျွန်တော်ပြောစရာတွေ ကျန်သေးတယ်။
ရွှေစာရံ စေတီက ဆည်းလည်းအများဆုံးစေတီဘုရားတဲ့။ ဟိုဘက်ကစေတီလေးက ရွှေစာပျံ ဘုရား။ သမိုင်းပညာရှင်တွေ ပြောတာတော့ ရွှေစာပျံဘုရားကမှ တကယ့်အစစ်တဲ့"

ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)Onde histórias criam vida. Descubra agora