Part 14 ( Uni)

3 2 2
                                    

(အပိုင်း - ၁၃)

မောင်ငယ်ချက်ကျွေးသော ဘူးရွက်ငပိချက် ရေကျဲလေးက ရန်ကုန်က ကျွန်တော့်အိမ်ရဲ့ အသားမျိုးစုံနဲ့ တည်ခင်းထားတဲ့ ထမင်းစား စားပွဲပေါ်က ဟင်းများထက် ပို၍ အရသာရှိသည်။ လတ်ဆက်သောကြောင့်ပဲလား။
စေတနာကြောင့်ရယ်ပဲလား။
ကျွန်တော်နဲ့အတူ တရှူးရှူးတရှဲရှဲ နဲ့ စားနေသော မောင်ငယ်ကြောင့်ပဲလား ။
ထမင်း ပိုပြီး စားလို့ကောင်းသည်။

"အကို မစားဘူးလား"

"သြော်..အေး စားမှာလေ"

"မသိပါဘူး ဟင်းမကောင်းလို့ ငှိုင်နေတာများလားလို့ ညနေမှ ကျွန်တော် ဟင်းရှာပေးမယ်ဗျာ"

"မဟုတ်ပါဘူး စားလို့ကောင်းပါတယ်"

"စားအကို အမေက ကြာအုံးမှာ ကျွန်တော်တို့ ငှက်စီးရင်း ငါးရှာကြမလား "

" သွားကြမယ်လေ"

"အဲ့ဆို စားပြီးရင် နောက်ဖေးကနေသွားကြမယ်အကို"

နွေရာသီမို့ နေပူပေမဲ့ မြစ်ရေပြင်က လေတဖြူးဖြူးနဲ့ အေးချမ်းလှသည်။
မြစ်ရေပြင်ပြင်စိမ်းစိမ်းပေါ် နေရောင်ကဖြာကျနေတာက တမျိုးလေးဆန်းနေသည်။
မောင်ငယ်ကတော့ လှေကို ဟိုဘက်ကမ်းထိ ရောက်အောင် မောင်းလာတယ်။
ကုက္ကိုပင်ရိပ်ရတဲ့နားဆိုတော့ နေရှောင်ပြီးသားလည်း ဖြစ်တယ်။
မောင်ငယ်ကတော့ ငါးနှိုက်တာ အသားကျနေသလိုပဲ။ ကမ်းစပ်ခြုံကြားလေးထဲ လက်လေးနဲ့စမ်းစမ်းပြီး ပြန်ထွက်လာရင် လက်ထဲ ငါးရံ့လိုလို ငါးသလဲထိုးလိုလို ငါးလေးတွေပါလာစမြဲပင်။ ကိုယ်ကတော့ ရေသာကူးတက်၏ ငါးမနှိုက်တက်ပေ သိုပေမဲ့ လှေပေါ်မှာ ထိုင်နေတာ ပျင်း၍နေသည်။

"အကို ပါ ဆင်းခဲ့မယ် မောင်ငယ်"

"လာလေ အကို ၊ ငါးနှိုက်တက်လား"

"ဟမ် နှိုက်တက်ဘူးလေ"

"ရတယ် ရတယ် ကျွန်တော်နှိုက်တာပဲကြည့် မဟုတ်ရင် ငါးတွေပြေးလိမ့်မယ်"

ငါးလေးတွေကတော့တခါချက်လောက်ရနေပြီ။ ငါးကတော့အကြီးကြီးတွေတော့မဟုတ်
မြစ်ငါးပေါက်စနလေးတွေ ဟင်းရည်ထဲခပ်သောက်လည်းချိုသည်။ ချဥ်ပေါင်ရွက်နဲ့ ငပိချက်ချက်စားလည်းကောင်းသည်။ ကြော်စားရင်လဲ အရသာရှိသည်။ မောင်ငယ် ဘယ်လိုစားရမလဲ စဥ်းစားနေတုန်း...

ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)حيث تعيش القصص. اكتشف الآن