(အပိုင်း - ၇)
မောင်ငယ် ရှင်းသာရှင်းပြလိုက်ရတာ အကိုက ယုံချင်မှ ယုံမှာလေ။ ခေတ်ပညာတက် တွေ ဒါတွေက်ို အယုံအကြည်မရှိတာ အပြစ်မပြောသာပါဘူး။ အကိုက ခင်ဖို့ကောင်းတယ် ။ မောင်ငယ်ပြောသမျှ ခေါင်းငြိမ့်ပြီးပြောနေတက်တယ်။ မောင်ငယ်ထမင်းစားခေါ်တာကိုတောင် လက်ခံတယ်။ ဟိုဘက်ကမ်းရောက်ရင် အမေ့ကို အသ်ိပေးရမယ်။
အမေ့ကလည်း ဧည့်သည်ဆိုရင် ကြည်ကြည်ဖြူဖြူရှိလှပါတယ်။ ဗိုက်လဲဆာလှပြီဆိုတော့ မောင်ငယ်ဟိုဘက်ကမ်းကို မြန်မြန်ကူးရမယ်။ခန့်နောင်တို့ ရွှေစာရံဘုရားကိုရောက်ပြီ။
မောင်ငယ်ကဟသူ့အမေ့ဆီ ၀င်စရာရှိသေးတယ်ဆိုပြီး ဟောနန်းထဲ၀င်သွားတယ်။
နောက်ပြီး ပွဲတင်နေတဲ့အဒေါ်ကြီးနား ကပ်ပြီး တစ်ခုခုပြောနေတယ်။ မောင်ငယ့်အမေပဲထင်တယ်။ ခန့်နောင်ကိုပြုံးပြီးလှမ်းကြည့်တောပြန်ပြုံးပြလိုက်တယ်။
မကြာပါဘူး မောင်ငယ်ပြန်ထွက်လာပြီး သူခေါ်တဲ့နောက် လိုက်သွားရတော့တယ်။ရွာလမ်းလေးက သာသာယာယာပါပဲ။
ဘေးနားက လယ်ကွင်းတွေထဲမှာ ဇီးသီးပင်တွေ၊ ဝေရာလို့ခေါ်တဲ့ ဘောဇကိုင်းပင်တွေ၊ ဂွေးသီးပင်တွေ၊ ထန်းပင်တွေ၊ သရက်ပင်တွေနဲ့အများအပြားစိမ်းစိမ်းစိုစိုရှိလှတယ်။"အကို့ကို ပြစရာရှိလို့လာလာ"
မောင်ငယ်ရဲ့ အပြောအပြီး သူလက်ညိုးထိုးတဲ့နေရာကို ခန့်နောင်ကြည့်မိတယ်။
ခန့်နောင် ခတ္တ တိတ်ဆိတ်သွားတယ်။ အသက်ရှူဖို့ပင် သတိမရ။လက်ပံပင်ကြီး ၃ပင် သက်တမ်းတော်တော်ရင့်လှပြီ ပင်စည်ကြီးတွေက လူနှစ်ယောက် လက်နဲ့ ဝိုင်းထားတဲ့ အဝိုင်းစာလောက်ရှိတယ်နောက်ပြီးအပွင့်တွေက ရဲပတောင်းခတ်နေတယ်ထိုအပွင့်တွေကိုစားသောက်နေတဲ့ အပင်ပေါ်က ဆက်ရက်ငှက်တွေက ဟိုကိုင်းကူး ဒီကိုင်းကူးနဲ့ ဆော့ကစားနေကြတယ်။ လက်ပံပွင့်တွေ လေထဲ ဝဲပြီးကြွေနေချိန် ဥသြသံ သာသာယာယာက ခန့်နောင်ကို အသက်ရှူဖို့ မေ့စေခဲ့တာပဲ။
"အကို လှတယ်မလား"
"အင်း လှတယ်"
"ကျွန်တော်က လက်ပံပွင့်လေးတွေကိုကြိုက်တယ်။ လက်ပံပွင့်တွေက နွေအပူမှာတောင် ရဲရဲတောက်ပွင့်ကြတယ်။ သူတို့က လောကဒဏ်ကို ကြံကြံခံတဲ့သဘောပဲတဲ့ အဖေက ကျွန်တော်ကို ပြောဖူးတယ်"
YOU ARE READING
ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)
General Fictionဒေသတစ်ခု၏ ကိုးကွယ်ယုံကြည်မှု ၊ လူသား ၂ဦးရဲ့ ချစ်ခြင်းကို ပေါ်လွင်အောင် အလေးပေးရေးသားထားပါသည်။