(အပိုင်း - ၈)
ထမင်းစားပြီး ခန့်နောင် မောင်ငယ်ချထားသမျှကို စားနေပေမဲ့ မောင်ငယ်က အခုထိထွက်မလားသေး တကုပ်ကုပ်နဲ့ မုန့်တွေလုပ်နေတာ။
"ဟဲ့ မောင်ငယ် ဧည့်သည်က်ို တစ်ယောက်တည်းထားပြီး မင်းက ဘယ်မှာလဲ"
ခန့်နောင် မုန့်ကုန်းစားနေတာနဲ့ မောင်ငယ့်အမေရောက်ကို မသိလိုက်ဘူး။
"အမေကလည်း ဒီမယ် မန်ကျည်းဖျော်ရည်လုပ်နေတာ ၊ ဒါနဲ့ အမေက စားခဲ့ပြီလား"
"ကျုပ်က နန်းထဲက စားခဲ့ပါပြီတော်၊ ဧည်သည့်ပါလာတော့ မျက်နှာလာပြတာ၊"
ဒီသားအမိ ၂ယောက်ကို ကြည့်ပြီး ခန့်နောင်ကြည်နူးမိသည်။ ခန့်နောင်ဘ၀မှာ မရနိုင်တဲ့ အခြေနေမျိုးလေး။
"ငါ့တူ စားနော် ၊ ဒီကလေးက ဧည့်သည်မျှော်နေတာ၊ ဧည်သည့်လာရင် ပျော်နေတာ ၊ ငါ့တူကို ခင်ပုံရတယ်။ ဧည့်သည်မျှော်ပေမဲ့ တော်ရုံလူဆို အိမ်မခေါ်ဘူး"
"ကဲ အမေ ရော့ရော့ မောနေမယ်"
လက်ထဲကကို မတ်ခွက်အကြီးကြီးတွေနဲ့ မန်ကျည်းဖျော်ရည်တွေ ကမ်းပေးသည်။ ချဥ်ချဥ်ချိုချိုလေးက နေပူပူနဲ့ သောက်လို့ကောင်းသည်။
"ငါ့တူက ဘယ်ကလာတာလဲကွဲ့၊ စပ်စုတာမဟုတ်ပါဘူးကွယ်"
"ကျွန်တော်က ရန်ကုန်ကပါ။ မန်းလေးမှာ ကျောင်းလာတက်တာပါ"
"ကောင်းတယ် ကောင်းတယ် ပညာသင်တာကောင်းပါတယ်။ အိမ်က မောင်ငယ်ကတော့ ၁၀တန်းဖြေထားတယ် အောင်မလားတော့ မသိပါဘူး။ အားတိုင်း မြစ်ထဲ ရေပဲ ဆင်းချိုးနေတဲ့အကောင်"
"အမေကလဲ အကို့အရှေ့ကိုဗျာ"
"ဒါနဲ့ အကို ညအိပ်ပါ့လားဟင် ပွဲကြည့်ရအောင်လို့"
"ဧည့်သည်ကို အားနာစရာ မောင်ငယ်ရယ်"
မောင်ငယ်ကတော့ ဒေါ်ဒေါ်ပြောတာကို ဂရုမစိုက် ခန့်နောင်ထံက အဖြေကိုပဲ မျှော်နေသည်။ ဒေါ်ဒေါ်ဆီက အားနာစရာဆိုတာကလည်း ပညာတက်တက္ကသိုလ်ကျောင်းသားကို ဒီလိုအိမ်မှာ အိပ်နိုင်ပါ့မလားဆိုတဲ့ အားနာခြင်းသာဖြစ်သည်။ ခန်နောင့်အနေနဲ့တော့ ပြန်ချင်လည်း ဖြစ်သည်။ မပြန်ချင်လည်းဖြစ်သည်။ ဒါပေမယ့် ခန့်နောင်မပြန်ချင်ဘူး။
မောင်ငယ်ကိုလည်း ခန့်နောင် အချိန်တိုတောင်းပေမဲ့ ခင်တွယ်မိသည်။ ဒေါ်ဒေါ်ကိုလည်း အိမ်က အမေနဲ့မတူ အမေအသစ်ရလိုက်သလို ချစ်ခင်မိသည်။ ပွဲကြည့်ခြင်းထက် ထိုသူနှစ်ဦးနှင့် အချိန်ကြာကြာရှိစေချင်သည်။
ESTÁS LEYENDO
ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)
Ficción Generalဒေသတစ်ခု၏ ကိုးကွယ်ယုံကြည်မှု ၊ လူသား ၂ဦးရဲ့ ချစ်ခြင်းကို ပေါ်လွင်အောင် အလေးပေးရေးသားထားပါသည်။