Part 1 (Uni)

26 6 0
                                    

ဒုဠ၀တီကို သက်သေတည်၍....

ခန့်နောင်
ဒုဠ၀တီမြစ် စီးဆင်းနေသရွေ့မင်းကို
ချစ်နေမယ် ငယ်

မောင်ငယ်
အကိုရေ ဒုဠ၀တီက စီးဆင်းနေပေမဲ့ အကို့အချစ်တွေက မစီးဆင်းတော့ဘူးထင်ပါရဲ့

° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° ° °
တပေါင်းလဆန်း (၁၂ )ရက် / ၂၀၀၃ခုနစ်
မန္တလေးမြို့ အရှေ့မြို့ပတ်လမ်း
မန္တလေး-ပြင်ဦးလွင် လမ်းလေးသည် မြူခိုးမတွေကြား ဥသြသံများနှင့်မှုန်ရီရီ လွမ်းစရာပင်ကောင်းနေသည်။
နွေဦး တပေါင်းပွဲရောက်ချိန်နီးလျှင် ဒီလမ်းလေးသည် ခရီးသွားကားများ၊ စက်ဘီးများ၊ ဆိုင်ကယ်များ ၊ နီးနား အောင်ပင်လယ်ဘက် ကျေးရွာများမှ လှည်းများ နဲ့ စည်းကားစပြုနေပြီ။
လမ်းဘေးဝဲယာတွင် လယ်ယာများက မျက်စိတစ်ဆုံး မျှော်ငေးရန်ပင်....
ကားလမ်း၂ဘက် အလယ်တွင် စိုက်ထားသော လက်ပံ၊သရက်၊ကျွန်း၊ဂျပန်ပိတောက်
စသည့်သစ်ပင် သစ်ကောင်းကြီးများမှာ လာလည်သူအပေါင်းကို ပြုံးပြီးကြိုဆိုနေသယောင်ယောင် ...

"ကိုခန့် ....!"

"ဟင်..နွယ်​ ပြောလေ အကို့ကို ဘာပြောစရာရှိလို့လဲ..သမီးလေးက လေညင်းခံချင်လို့တဲ့
ကားတံခါးလေး မှန်ချပေးပါအုံးကိုခန့်"

"သမီးလေးက လေညင်းခံကြည့်မလို့လား "

"ဟုတ်ကဲ့ ဖေဖေ... သမီး လယ်ကွင်းတွေကိုကြည့်ချင်လို့ နောက်ပြီး လက်ပံပင်ကြီးကိုလဲ ကြည့်ချင်တယ်"

"ဟုတ်ကဲ့ပါဗျာ မင်းသမီးလေး အမိန့်တော်အတိုင်းပါပဲဗျာ..."

သြော် လက်ပံပင် တချိန်က မင်းလည်း လက်ပံပင်ကြီးကို တစ်ယောက်ယောက်နဲ့ အတူတူကြည့်ခဲ့တာပဲနော် ခန့်နောင်
လက်ပံပင်တင် ဘယ်ကမလဲ  မြစ်ထဲမှာ ငှက်စီးလဲ အတူတူ ယာထဲ နွားစာသွားရိတ်တဲ့ သူနောက်ကိုလဲ တကောက်ကောက်လိုက်တာလဲ မင်းပဲလေ
အခုရော ငယ် မင်းရော လက်ပံပင်ကို ဘယ်သူနဲ့ အတူတူကြည့်နေမလဲကွာ ၊ငှက်ရော ဘယ်သူနဲ့ တူတူ လှော်နေလဲ ၊ ဘယ်သူနဲ့ တောထဲ နွားစာတွေ ရိတ်ပိး ပြုံးရွင်နေမလဲ
မင်း ခွင့်လွှတ်မယ်ဆို မင်းနဲ့ကိုယ် တခါလောက်တော့ တွေ့ချင်သေးပါရဲ့
နှစ်တွေကြာခဲ့ပေမဲ့ မင်းကို အခုထိမေ့လို့မရသေးပါဘူး ဘယ်သူကမှ မဖြတ်ခဲ့ပေမဲ့ ကံကြမ္မာက မျက်နှာများတဲ့အခါ ကိုယ်တို့ ဝေးခဲ့ကြရတယ် အခု သမီးလေးတောင် ၃နှစ်​ကျော်နေပြီ လွန်ခဲ့တဲ့ နှစ်တွေက ဒီမြေ ဒီနယ်ကို မရောက်ခဲ့ပေမဲ့ အခုရောက်လာတဲ့အခါ မင်းကို ပစ်ပယ်ထားခဲ့တဲ့ကိုယ့်ကို မင်းကြိုဆိုပါအုံးမလား ငယ်ရေ
ငယ် ကိုယ့်ကို မုန်းလို့ရပေမဲ့ စိတ်တော့မနာပါနဲ့ကွာ

"ကိုခန့်ရေ ကိုခန့် ရှင်လည်းလေ ဒီဘက်ကူးကတည်းက ဘာတွေတွေးနေလဲမသိဘူး
ကဲ အခုလဲ ကွေ့ရမဲ့ လမ်းက ကျော်နေပိ
ဘာလဲ ​မေမြို့တက်မလို့လား ဒီမှါ သမီးလေးတောင် ငိုက်နေပြီ"

"ဟာ နွယ်ကလဲကွာ ကို မမြင်မိလို့ပါကွာ sry
စိတ်မဆိုးပါနဲ့ဗျာ ဒီခရီး ဒီလမ်း ရောက်မာပါကွာ "

ဒီလိုနဲ့ လမ်းကျော်သွားသည်ကို ကားနဲ့ တပတ်ပြန်လှည့်ပြီး ကွေ့ရမဲ့ လမ်းကို ခပ်မြန်မြန်ပဲ ကွေ့ခဲ့တယ်
ကွေ့သွားတဲ့ လမ်းရဲ့ ဘေးက ဆိိုင်းဘုတ်လေးက "သမိုင်း၀င် ရွှေစာရံ ဘုရားသို့".....

ဒုဋ္ဌဝတီကို သက်သေတည်၍ (Uni + Zaw)Opowieści tętniące życiem. Odkryj je teraz