အပိုင်း(၁)
တရုတ်ပြည် အဆင့်မြင့်ညစာစားပွဲ ကျင်းပရာခန်းမ...
"ယဲ့မူ ဘယ်အချိန်ရောက်ပြီလဲ"
လက်နှစ်ဖက်ကို နောက်သို့ပစ်ထားလျက် စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားပြီး ဗိုက်ပူပူနှင့် ခပ်ဝဝလူအိုကြီးတစ်ယောက်ကဝင်လာသည်။သူက အတွင်းတွင် အစီစဉ်တကျဖြစ်နေသော မီးဖိုချောင်ခန်း၏ အခြေအနေကိုမြင်သောအခါ သဘောတကျခေါင်းငြိမ့်လိုက်သည်။အထူးသဖြင့် သူက သူ၏ လက်ထောက်ငယ်လေးကို မြင်လိုက်ချိန်တွင်ဖြစ်သည်။တစ်ဖက်သူကကောင်းမွန်စွာလှီးဖြတ်ခုတ်သင်နေပြီး မွှေကြော်ကြော်နေခြင်းဖြစ်သည်။သူ၏ လှုပ်ရှားမှုများက သေသပ်သည့်အပြင် ချောမောခန့်ညားလွန်းနေလေရာ သူဆစ်ဖန် သဘောကျသွားရပြန်ပြီးရခေါင်းငြိမ့်လိုက်မိသည်။
"ဆရာ ဘာပြဿနာမှမရှိပါဘူး"
ဆုယဲ့မူက ရှောင်ယောင်ကျန့် ၏ နောက်ဆုံးအဆင့်ကိုပြင်ဆင်နေခြင်းဖြစ်သည်။ကြက်သားအေး စွပ်ပြုတ်ထဲသို့ ဂျင်း၊ကြက်သွန်နီနှင့် ငရုတ်ကောင်းမှုန့်၊ဟွားသောက်ဝိုင်တို့ကို ထည့်လိုက်ပြီးနောက်တွင်လက်ဖက်ရည်ဇွန်းနှင့် သကြားတစ်ဇွန်း၊သင့်တော်သောဆီနှင့်ဆားတို့ကို တစ်ဖန်ထပ်ထည့်လိုက်ကာ ကြက်သားကိုအပူပေးလိုက်သည်။တစ်ဖန် အဖုံးကိုပြန်ဖွင့်လိုက်ပြီး လေးဆယ်မိနစ်အထိခပ်အေးအေးနှပ်ထားလိုက်သည်။ရလာသောကြက်သားက နူးအိနေပြီဖြစ်ပြီး တစ်ကိုက် ကိုက်လိုက်ယုံမျှဖြင့် ကြက်သား၏အရသာက ပါးစပ်ထဲတွင်ပေါက်ကွဲသွားသလို ဖြစ်သွားမည်ဖြစ်သည်။ထို့ကြောင်း ရှားပါးသော ကောင်းမွန်သည့် ခံစားချက်က ရရှိသွားစေပေတော့မည်။
ဆုယဲ့မူက ကျော်ကြားသောမိသားစုမှလာပြီး ဆရာဟွမ်၏ အနီးကပ်တပည့်ဖြစ်သည်။သို့ရာတွင် သူ၏အစားအသောက်ကို အလွန်အမင်းနှစ်ခြိုက်မှုကြောင့် သူဟာ မီးဖိုခန်းတွင်သာ အမြဲတစေ နေလေ့ရှိပြီး အပြင်ထွက်ရန်ငြင်းဆန်သည်။သူ၏ဖခင်ကပင် မကြာခဏ ကြက်မွှေးကိုင်ကာမောင်းထုတ်လေ့ရှိသည်။သူကထိုသို့ဖြင့် အထက်အောက် စုတ်ချည်ဆန်ချည် အရိုက်ခံရသည့်တိုင်အောင် သူ၏ဖခင်၏ လမ်းကြောင်းကိုလိုက်ရန် ငြင်းဆန်နေသေးသည်။သူ၏ဖခင်က ရင်ဘတ်ကိုဖိပြီး မရေမတွက်နိုင်အောင် ခြေစောင့်ကာ ကြိမ်းမောင်းသည့်တိုင် သူကသူ၏ အစားအသောက်ပေါ်ထားသည့် ဆုံးဖြတ်ချက်ကိုမပြောင်းလဲခဲ့ပေ။
YOU ARE READING
အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော အလှလေး
Romancenot my own This is a translation novel. Crd cover photo.I took it from pinterest!