1.4K 252 6
                                    

အပိုင်း(၃)

 

နောက်တစ်နေ့နံနက်တွင် ဆုယဲ့မူနှင့်ဆုရှောင်းနန်တို့က မနက်စောစောထကာ မီးဖိုးခန်းကို သန့်ရှင်းရေးလုပ်ကြသည်။ခုနှစ်နာရီထိုးပြီးဆယ်မိနစ်ရောက်သောအခါ ဆုယဲ့မူမှာထားသောပစ္စည်းမျာယကရောက်လာပြီး တံခါးဘဲလ်ကမြည်လာသည်။

 

ထောင့်တစ်နေရာတွင်စွန့်ပစ်ထားသော စက်ရုပ်က မျက်ဝန်းထဲတွင်အလင်းများတောက်ပလာကာ ရင်ဘတ်ရှိ ဖန်သားပြင်ကတောက်ပလာသည်။တစ်ခဏခန့်ကြာပြီးနောက်တွင် မျက်လုံးကပွင့်လာပြီး တံခါးထံလျှောက်သွားသည်။

 

ပစ္စည်းလာပို့သူကလည်း စက်ရုပ်ဖြစ်နေသည်။ပါကင်ကို စက်ရုပ်ထံပေးပြီးနောက်တွက် သူကတစ်ချက်ဦးညွှတ်ကာ တံခါးပိတ်သည်အထိစောင့်သည်။ထို့နောက်မှသာ လှည့်ထွက်သွားတော့သည်။

 

"အာ အကိုကြီး 033က အခုလှုပ်နိုငိသွားပြီ"

 

ဆုရှောင်းနန်က ဝင်ပေါက်သို့အပြေးလာပြီ စက်ရုပ်လေးကိုခုန်ပေါက်ကာတစ်ပတ် ပတ်ကြည့်သည်။သူမ​၏မျက်နှာတွင် စိတ်လှုပ်ရှားမှုကိုမြင်နိုင်သည်။

 

ဆုယဲ့မူကလည်း ဆုရှောင်းနန်​၏အော်သံကိုကြားသောအခါ မီးဖိုထဲမှ ခေါင်းဆန့်ထုတ်ကြည့်ပြီးနောက်  လက်မောင်းတစ်ခုကိုသေတ္တာတစ်ခုကိုကိုင်လျက် သူ့ထံခုန်ဆွခုန်ဆွလာနေသည့် စက်ရုပ်ကိုမြင်လိုက်ရသည်။မြင်ကွင်းကထူးဆန်းသော်လည်း ကျောရိုးကမူဖြောင့်တန်းနေသည်မှာ စစ်သားတစ်ယောက်နှင့်ပင်တူသည်။

 

"သ သ...သ သခင် ပ...ပါကင်..."

 

"အကိုကြီး ဘာလို့သူက အကိုကြီးကိုသခင်လို့ခေါ်နေတာလဲ"

 

ဆုယဲ့မူက ခေါင်းခါသည်။သူကလည်း မသေချာချေ။သူကရထားသော သတင်းအချက်အလက်အရဆိုလျှင် စက်ရုပ်​၏ အမြုတေ အတွင်းပိုင်းသို့ ကိုယ်ရေးအချက်အလက်များကို ကိုယ်ဆိုင်ထည့်သွင်းမှသာလျှင် စက်ရုပ်ကသူတို့ကို သခင်အဖြစ်အသိအမှတ်ပြုမည်ဖြစ်သည်။သို့သော် ထိုစက်ရုပ်ကို မနေ့ကဆုရှောင်းနန်ကယူလာခြင်းဖြစ်ပြီး ယခုလိုသခင်ဟုခေါ်လာသည့်အခါ သူကလည်းနားမလည်တော့ချေ။

အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော  အလှလေး   Where stories live. Discover now