အပိုင်း(၄)
အစစ်အမှန်အစားအစာကို မစားရသည်မှာ အချိန်အတန််ကြာနေပြီဖြစ်သော ဆုရှောင်းနန်အနေနှင့် ဆန်ပြုတ်ကို ပထမဦးဆူံးတစ်ဇွန်းကိုသောက်လိုက်ရပြီးသည့်အချိန်တွင် မျက်ရည်ကျလုနီးပါးခံစားသွယးရသည်။သူမ၏အစာအိမ်အတွင်းသို့ ဝင်ရောက်သွားသော အစာပူမှလာသည့် နွေးထွေးသော ခံစားချက်ကအားဖြစ်ဆေးရည်များကိုသောက်သုံးပြီးနေညက် ရသော ခံစားချက်က ယှဉ်နိုင်စွမ်းမရှိချေ။
"အရသာရှိလိုက်တာ အကိုကြီး"
ဆုရှောင်းနန်က သူမ၏အကိုကြီးပြောသောစကားများကို ယုံလုနီးပါးဖြစ်သွားသည်။
"ကော ကိုသာယုံလို့ပြောသားပဲ"
ဆုယဲ့မူက သူကသာ အနာဂတ်တွင်ထူးဆန်းသော အရာတစ်ခုကိုလုပ်ပြမည်ဆိုလျှင် ဆုရှောင်းနန်အနေနှင့် သူ့ကိုသံသယဝင်လာမည်မဟုတ်တော့ရန်နှင့် မစိုးရိမ်စေရန်ပြောလိုက်သည်။
ဆုရှောင်းနန်က ခေါင်းကိုခါသည်။သူမကခေတ်သစ်လောကတွင် နေထိုင်ခဲ့သော သူဖြစ်သည့်အတွက် မတူသော အမြင်မျိုးရှိသည်။ယခုခေတ်တွင် လူသားဖြစ်သူများက စိတ်စွမ်းအားမျိုးကို ပိုင်ဆိုင်နေကြပြီဖြစ်လေရာ သူမ၏ အကိုဖြစ်သူတွင်စိတ်ဝိဉာဉ်သီအိုရီဟုခေါ်သော အလွန်အမင်းပြင်းထန်သည့် စိတ်စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထားခြင်းဟုပြောနိုင်လျှင် ပို၍ယုံကြည်နိုင်ပေလိမ့်မည်။ထိုအတိုင်း ထိုစိတ်စွမ်းအားက တစ်ချိန်လုံး သူ၏ အသိစိတ်ပင်လယ်ထဲတွင်ပိတ်လှောင်ခံထားရသဖြင့် အကိုဖြစ်သူ၏ စိန်စွမ်းအားက အပြင်လောကရှိတစ်ခုသော အာကာသပြင် တစ်ျမိုးနှင့်ချိတ်ဆက်မိသွားခဲ့ပြီး စကြဝဠာတွင်းနက်ကြီး၏ တစ်ဖက်ခြမ်းလောကကို အကိုဖြစ်သူက မြင်နိုင်ခြင်းဖြစ်လောက်သည်။
ဆုရှောင်းနန်က ပန်ကန်လုံးကိုချလိုက်ကာ အကိုဖြစ်သူ၏ လက်ကိုကိုင်လိုက်ပြီူနောက် တည်ကြည်လေးနက်စွာပြောလာသည်။
"ကော ညီမရဲ့စကားကိုနားထောင်ပါ။ဒီအကြောင်းကိုဘယ်သူ့မှမပြောနဲ့။ဟုတ် ပြီလား။တစ်ယောက်ယောက်ကမေးလာခဲ့ရင် ဒီတိုင်ဒရညီမတို့မှာ မျိုးဆက်အဆက်ဆက်လက်ဆင့်ကမ်းပေးလာတဲ့ ဟင်းချက်နည်းတွေရှိတယ် လို့ပဲပြောကြရအောင်"
YOU ARE READING
အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော အလှလေး
Romancenot my own This is a translation novel. Crd cover photo.I took it from pinterest!