အပိုင်း ၆
တာမီနယ်မှ တိုက်ရိုက်ထုတ်လွှင့်နေသည့်ခလုတ်ကို ပိတ်လိုက်သည်။ ဆုယဲ့မူ၏စီစဉ်မှုအောက်တွင် သူက ကြယ်ပစ္စည်းပို့ဝန်ဆောင်မှုစနစ်ကို လှမ်း၍ခေါ်လိုက် သည်။ စားစရာများကိုယူသွားပြီးနောက် ဆုယဲ့မူက ရှင်းလင်းရေးဆက်လုပ်လိုက်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုကို ပလပ်ဖောင်းနှင့် အညီအမျှခွဲယူရသောကြောင့် ဆုယဲ့မူက ကြယ်ကြေးပြား ၁၂၀၀ ရရှိအုံးမည်ဖြစ်သည်။ ဒါက ပုံမှန်အတိုင်း ဖြစ်နေအုံးမည်ဖြစ်သည်။ မနက်ပိုင်းက အခြေအနေကမူ အံ့အားသင့်စရာကောင်းသော ကံကောင်းမှုသာဖြစ်သည်။ ထို့နောက်ဆုယဲ့မူက ရှင်းရှင်းဝမ်သို့သွားပြီး အေပရွန်လုပ်သည့်ဆိုင်ကို ရှာလိုက်သောအခါ ထိုနေရာတွင် တောက်ပသော စကားလုံးဖြင့် “ပုဂ္ဂိုလ်ပိုင်းသီးသန့်ဆိုင်ရာဝန်ဆောင်မှု”ဆိုသော စကားလုံးကို သိသာထင်ရှားစွာမြင်လိုက်ရသည်။ ဆိုင်၏လိပ်စာကို သူ၏တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲသို့ တင်လိုက်ပြီးနောက် ဆုယဲ့မူက နေ့ခင်းတစ်နာရီထိုးပြီဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော် သူ၏ညီမကမူ ပြန်မလာသေးချေ။
ဆုယဲ့မူက အပြင်ထွက်ပြီး သူ၏ညီမကိုသွားရှာရန် ဆုံးဖြတ်လိုက်သည်။ ထိုသို့တွေးတောပြီးနောက် တုတ်ထိုးကင်အသားနှင့်စွပ်ပြုတ်ကိုထုတ်ပိုးလိုက်ပြီး သယ်လာခဲ့လိုက်သည်။ ထမင်းကြော်ကို မထုတ်လာခဲ့ချေ။ ထမင်းကြော်၏ပမာဏက လူနှစ်ယောက်စားရုံမျှသာ လုံလောက်နေသောကြောင့်ဖြစ်သည်။ သူက သည်ဟင်းများကို ကျန်းရှောင်းယွီကို သွားပေးမည်ဖြစ်သည်။ ထိုနေ့က သူက ထိုအရူးနှင့် တိုက်ခိုက်ခဲ့သည့်တိုင်အောင် ကံကောင်းစွာဖြင့် ကျန်းရှောင်းယွီက ရှောင်းနန်ကို ပြေးခေါ်ပေးခဲ့သည့်အတွက် ယခုလို အချိန်မီရောက်လာခဲ့ခြင်းဖြစ်သည်။ သို့မဟုတ်လျှင် သူက မည်မျှကြာအောင် မြေပြင်တွင်လဲနေရမည်ဖြစ်ကြောင်း မသိနိုင်ချေ။
တံခါးမှထွက်လိုက်ချိန်တွင် အပြင်ဘက်တွင် မြေကွက်လပ်ကွင်းပြင်တစ်ခုကို မြင်ရသည်။ ပတ်ဝန်းကျင်က သိပ်မကောင်းချေ။ ရှုပ်ပွနေသော ပစ္စည်းများလည်း ရှိနေသေးသည်။ အားလုံးက ဆွေးမြေ့နေသောသစ်သားများနှင့် စွန့်ပစ်ထားသည့် ယင်အချို့ စသည်ဖြင့်တို့ဖြစ်နေသည်။ သည်ပတ်ဝန်းကျင်တွင် လူအများအပြား မနေထိုင်ကြချေ။ သူတို့က လူစုခွဲ၍နေထိုင်ကြသည်။ တစ်အိမ်နှင့်တစ်အိမ်က အနည်းဆုံး ၁၀ မီတာခန့်ခြားသည်။ သူတို့၏အိမ်ကမူ အဝေးဆုံးအစွန်ဆုံးအပိုင်းဖြစ်ပြီး အနီးဆုံးက ကျန်းရှောင်းယွီ၏အိမ်ဖြစ်သည်။
YOU ARE READING
အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော အလှလေး
Romancenot my own This is a translation novel. Crd cover photo.I took it from pinterest!