၁၀

1K 160 3
                                    

အပိုင်း ၁၀

“တရုတ်လူမျိုးတွေမှာ ၂၁ ရာစုရောက်တဲ့အထိ နှစ်လေးထောင်သမိုင်းကာလ ရှိပြီးသား၊ အဲ့ဒီနောက် လူသားတွေက မြေကမ္ဘာပေါ်က ထွက်သွားခဲ့ကြတယ်၊ ဘယ်လိုကြောင့်များ အရှေ့ဘက်လူမျိုးစုက အနောက်ဘက်လူမျိုးစုရဲ့ လက်အောက်မှာရှိတယ်လို့ ပါမောက္ခက ပြောနိုင်ရတာလဲ”

“အရှေ့ဘက်လူမျိုးစုက သမိုင်းကာလနှစ်ငါးထောင်ရှိကြောင်း အတည်ပြုထားတယ်၊ ဒါပေမယ့် ဒီငြင်းခုန်မှုကို အတည်ပြုပေးဖို့ ဘာသက်သေမှ ရှိမနေဘူး”

အနောက်ပိုင်းမျိုးနွယ်စုဌာနမှ နီရိုနက ထိုသို့ပြောသည်။ သူ၏လက်ချာများက အမြဲတစေ ဘက်လိုက်တတ်သည်။ သူက အရှေ့ပိုင်းလူမျိုးစုအပေါ် အထင်သေးသည်။ အထူးသဖြင့် တရုတ်လူမျိုးစုအပေါ်ဖြစ်သည်။

နင်ချွမ်က ယခင်ကထိန်းနိုင်ခဲ့သည်မှာ မငြင်းချင်သောကြောင့်ဖြစ်သည်။ သို့သော် မနေ့က တွေ့ခဲ့ရသော တင်ဆက်သူဆုယဲ့မူက ဖြောင့်မတ်မှန်ကန်စွာပြောခဲ့သော “ငါတို့ရှိနေသမျှ မျိုးနွယ်က မပျောက်ပျက်သွားဘူး” ဆိုသော စကားကို သတိရသွား၏။ တရုတ်လူမျိုးများကရှိနေလျှင် သူတို့မျိုးနွယ်စုက တစ်ရက်တွင် ပြန်လည်ဦးမော့နိုင် အုံးမည်ဖြစ်သည်။ အမြဲတစေ အနောက်ပိုင်းပါမောက္ခများ၏ အထင်သေးမှုကို ခံရမည်မဟုတ်ဘဲ တရုတ်လူမျိုးစုက အနောက်ပိုင်းမျိုးနွယ်စု၏ လက်အောက်ခံဟုလည်း သတ်မှတ်ခံရတော့မည်မဟုတ်ချေ။ သူက တိုက်ခိုက်ချင်စိတ်ပြင်းထန်လာသည်။

“ပါမောက္ခက အရှေ့ပိုင်းမျိုးနွယ်စုက အနောက်ပိုင်းမျိုးနွယ်စုရဲ့ နောက်လိုက်တွေလို့ ပြောတယ်၊ ဒီတော့ ပါမောက္ခမှာသက်သေရှိလို့လား”

လူတိုင်းတွင် သက်သေမရှိချေ။ သမိုင်းမှတ်တမ်းစာအုပ်လည်းမရှိချေ။ ထို့ကြောင့် မည်သူ့ကိုမျ ှကြောက်ရန်မလိုအပ်ချေ။

“ဟုတ်တယ်၊ ပါမောက္ခမှာ ဘယ်တုန်းက သက်သေရှိသွားတာလဲ”

“ဘယ်လိုသက်သေမျိုးကို လိုချင်တာလဲ၊ ပါမောက္ခပြောတာမှန်တယ်၊ မင်းတို့က တိုက်ခိုက်ချင်တာလား”

အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော  အလှလေး   Where stories live. Discover now