အပိုင်း ၈
ဆုယဲ့မူက ထိုအကြောင်းကိုမသိသေးချေ။ သူက သည်ညနေဘက်တွင် တိုက်ရိုက်ထုတ်လွှင့်မည့်အကြောင်းအရာကိုသာ ဂရုစိုက်သည်။ သူက မနေ့က သည်နေ့တွင်စားစရာများကို ပို့ပေးနိုင်ရန် မဲနှိုက်ပေးပါမည်ဟု ကတိပေးထားခဲ့သည်။ ထို့ကြောင့် ဟင်းလျာများအကြောင်းကို တွေးတာနေမည်ဖြစ်သည်။တုန်းပေါ်အသား၊ မှိုကြက်သားဟင်းချို၊ ဖရုံသီးကိတ်တို့ဖြင့် ပွဲ နှစ်ဆယ် မဲမှောက်ပေးရန် ဆုံးဖြတ်ထားသည်။ သည်တစ်ကြိမ်တွင် အရေအတွက်က များကောင်းများနေနိုင်သည်။ ထို့ကြောင့် ကြိုတင်ပြင်ဆင်ရန်လိုအပ်သည်။
အသုံးပြုမည့်ပစ္စည်းများကို အော်ဒါတင်ထားပြီးနောက် ဆုယဲ့မူက တိုက်ရိုက်ထုတ်လွှင့်မှုပလပ်ဖောင်းထဲသို့ ဝင်လိုက်သည်။ ထို့နောက် ဟင်းလျာများ၏ နာမည်ကို ရေးပြီးနောက် တိုက်ရိုက်ထုတ်လွှင့်မည့်အချိန်နှင့်အတူ တွဲကာတင်လိုက်သည်။ ဟင်းလျာများ၏နာမည်ကို တင်ရုံသာရှိသေးသည် ဆယ်စက္ကန့်ထဲနှင့်ပြန်စာများက ပေါ်လာသည်။//အသားစားသူ .. အသား အသားပါတယ်၊ ဟုတ်တယ် အရမ်းမျှော်လင့် စောင့်စားနေမှာ//
//ငါက ရှောင်လုံပေါင်းကိုကြိုက်တာ .. ငါ နာမည်ကို “ဆုဆုကိုချစ်တယ် ဘယ်တော့မှ ခြံမခုန်ပါဘူး” လို့ပြောင်းချင်နေပြီ////ငါ အားဖြည့်ဆေးရည်တွေမသောက်ချင်ဘူး .. ငါ့အထင် ငါ ကောင်းကောင်း ချက်ပြုတ်တတ်သင့်တယ်၊ ဒါမှမဟုတ် ငါက မဲပေါက်သင့်တယ်//
//၁၂၃ သစ်သားတုံးလိုအမျိုးသား .. မဲအရေအတွက် ဘယ်လောက်များမလဲတော့ ငါ မသိဘူး၊ ဒါပေမယ့် အရမ်းမျှော်လင့်နေပြီ//
…
နေ့လည် ၃ နာရီခွဲတွင် တိုက်ရိုက်ထုတ်လွှင့်မှုက အချိန်မှန်စတင်သည်။ ဆုယဲ့မူက ဆက်တိုက်တိုးဝင်လာနေသည့် ကြည့်ရှုသူများ၏အရေအတွက်ကိုကြည့်ပြီးနောက် မင်သက်သွားသည်။ အရေအတွက်က တစ်ထောင် … နှစ်ထောင် … ငါးထောင်အထိ ရောက်ရှိသွားပြီး တဖြည်းဖြည်းချင်း တစ်သောင်းကျော်သွားသည်။ ထို့နောက်မှသာ ရပ်တန့်သွားတော့သည်။
မနေ့ညကဆိုလျှင် သူက လိုင်းအောက်လိုက်သည့်အချိန်တွင်ပင် အယောက်သုံးထောင်သာရှိကြောင်း တွေ့ရသည်။ သို့သော် ယခုမူ တစ်သောင်းကျော် သွားသည်။
YOU ARE READING
အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော အလှလေး
Romancenot my own This is a translation novel. Crd cover photo.I took it from pinterest!