1.3K 216 2
                                    

အပိုင်း ၇

နောက်ပိုင်းတွင် ဆုယဲ့မူက မုန်လာဥ၏ အကျိုးသက်ရောက်မှုများကို ပြောပြသွားကာ သက်လတ်ပိုင်းလူများထဲမှ တစ်ယောက်ကမေးသည်။

“မုန်လာဥတွေက အသည်းနဲ့အမြင်အာရုံအတွက် ကောင်းစေတယ်၊ အရွတ်ကိုလည်း အားဖြည့်ပေးနိုင်ပြီး အာဟာရချို့တဲ့လို့ဖြစ်တဲ့ရောဂါတွေကိုလည်း ဖယ်ရှားပေးနိုင်တယ်ဆိုတာ တကယ်လား”

သူက အရှေ့ပိုင်း ဟင်းလျာများကို ပြင်ဆင်ရာတွင် အလွန်တော်သော စားဖိုမှူးတစ်ယောက်ဖြစ်ပြီး တော်ဝင်စားဖိုမှူးလက်မှတ်ကိုလည်း ရထားသည်။ ရန်၏ဖိတ်ကြားမှုကြောင့်သာမဟုတ်လျှင် သူက အနားယူပြီးသွားလောက်လေပြီ။

လူကြီးမင်းသိုက်အန်းက ပြန်ဖြေသည်။
“မုန်လာဥတွေထဲမှာပါတဲ့ဓါတ်က လူ့ရဲ့ခန္ဓာကိုယ်ကို အများကြီးအကျိုးပြု နိုင်တာပါ”

မုန်လာဥများက ခန္ဓာကိုယ်အတွက် အကျိုးဖြစ်သည်ဆိုသည်က သာမန်ဗဟုသုတ သာဖြစ်သည်။ သို့သော် လူ့ခန္ဓာကိုယ်၏ မည်သည့်အစိတ်အပိုင်းသို့ အကျိုးပြုကြောင်းကိုမူ သာမန်လူများက မသိနိုင်တော့ချေ။

ထိုမုန်လာဥနဲ့တင် လူတိုင်းက ဆုယဲ့မူကို လေးစားအားကျစွာ ကြည့်စေလိုက်မည် ဆိုလျှင် နောက်ပိုင်းတွင်ထပ်ပါလာသည့် အကြောင်းအရာများက သူတို့ကို ပို၍အံ့အားသင့်စေသေးပြန်သည်။ ထို့အပြင် မိသားစုကြီးများ၏လက်အောက်သို့သာ ရောက်နေတတ်သည့် အဆင့်မြင့်အဆင့် ချက်ပြုတ်နည်းလမ်းများနှင့် အချို့သော အစပ်ဓါတ်ထုတ်ပေးနိုင်သည့် အသီးများကို အသုံးပြုနိုင်သော စွမ်းရည်များကို အဆင့်နိမ့်စားဖိုမှူးများလောက်က မသိနိုင်ကြလေရာ အားလုံးက တအံ့တဩဖြစ်ရသည်။

ဆုယဲ့မူက သည်အတိုင်း တင်ဆက်သူတစ်ယောက်လား၊ ဒါကို သူက ဘယ်လိုသိနေတာလဲ၊ တော်တော်ကို ကြောက်စရာကောင်းတဲ့လူငယ်လေးပဲ၊ သူ ဘယ်နေရာကနေ သည်လိုလက်ရာတွေကို သင်ကြားနိုင်ခဲ့တာလဲ။

“ဆုမိသားစုဟုတ်လား၊ ဆိုင်အာအတွင်းမှာ ဒီမျိုးရိုးနာမည်နဲ့ကလေးတွေနဲ့ နောက်မျိုးဆက်တွေ အကြောင်းမကြားဖူးသေးဘူး”
သက်လတ်ပိုင်းလူများထဲမှ မေးခွန်းထုတ်သည်။

အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော  အလှလေး   Hikayelerin yaşadığı yer. Şimdi keşfedin