1.4K 248 7
                                    

အပိုင်း(၅)

သိုးသားကို သွားကြားထိုးတံနှင့်ထိုးကာနာရီဝက်ခန့်နှပ်ထားရမည်ဖြစ်သည်။ထိုအချိန်အတောအတွင်းတွင် ဆုယဲ့မူကစတင်ပြီးနံရိုးစွတ်ပြုတ်လုပ်ရန် စတင်ပြင်ဆင်တော့မည်ဖြစ်သည်။သူကနံရိုးလေးများကို အတုံးလေးများတုံးပြီးနောက် အိုးထဲသို့ရေနဲ့အတူထည့်ကာ ပြုတ်လိုက်သည်။အပေါ်ယံသို့တက်လာသောရအမြှုပ်များကိုဖယ်လိုက်ပြီးနောက်တွင် သွေးနှင့်ညှီနံ့များက ပျောက်သလောက်ရှိသွားပြီဖြစ်သည်။ထို့နောက်ရေနှင့်တစ်ဖန်ထပ်ဆေးရမည်ဖြစ်သည်။ထို့နောက် အတုံးလေးများဖြင့်တုံးထားသော ပြောင်းဖူးမုန်လာဥတို့ကို နောက်ထပ်အိုးထဲသို့ထပ်ထည့်လိာက်ပြီး ရေကိုထပ်ဖြည့်တာ်ရမည်ဖြစ်သည်။ထို့နောက်ဂျင်းခပ်ပါးပါး၊ကြက်သွန်နီနှင့်ဟင်းချက်ဝိုင်လက်ဖက်ရည်တစ်ဇွန်းတို့ကိုထည့်ကာ အပူချိန်ပြင်းပြင်းဖြင့် တစ်ခဏခန့်ရေနွေးဖျောသလိုတည်ပြီးနောက် နောက်ထပ်မိနစ်လေးဆယ်ကို အပူချိန်နည်းနည်းဖြင့်ဆက်တည်ထားရမည်ဖြစ်သည်။

ထိုနေရာတွင် သနားစရာအကောင်းဆုံးကိစ္စသည် သူကဟင်းချက်ဝိုင်အဖြစ် အရက်ဖြူကိုထည့်လိုက်ခြင်းဖြစ်သည်။သို့သော် ဟင်းချက်ဝိုင်အစစ်ကမရှိသလို ရွံ့ဆေးအိုးများလည်းမရှိသောကြောင့် အရသာကလေးဆယ်ရာခိုင်နှုန်းခန့်အထိလျော့ကျသွားမည်ဖြစ်သည်။ထိုအချက်က ဟင်းချက်ရာတွင် ပြီးပြည့်စုံခြင်းကိုသာအားထားသော ဆုယဲ့မူကိုအလွန်မကျေမနပ်ဖြစ်စေသည်။ကြည့်ရသည်မှာ သူကိုယ်တိုင်ကသာ ကိစ္စများကို ကြိုးစားပြီး ဖန်တီးသင့်သည်။

"မင်းတို့တွေ ဘယ်နေရာမှာ ရွှံ့ဆေးအိုး ရွှံ့အိုးတွေရောင်းသလဲသိသလား"

"(2:40စာကျန်) ပြိုင်ဖက်ကင်းပြည်သူများကိုသာ အကူအညီလှည့်တောင်းရတော့သည်။

/ရွှံ့ဆေးဟုတ်လား။အဲ့တာဘာလဲ/

/တစ်ခါမှမကြားဖူးဘူး/

ဖန်သားပြင်တွင်မသိဘူးဟူသောစကားများကပြည့်နှက်သွားလေရာ ဆုယဲ့မူက တွေးတောပြီးနောက်မေးလိုက်သည်။

"ကြွေအိုးတွေ ဘယ်နေရာမှာရောင်းသလဲဆိုတာကို သိကြလား"

ဆုယဲ့မူက မီးဖိုချောင်သုံးပစ္စည်းများကို သံမဏိသို့မဟုတ် ကြွေသာနှင့်တူသောအရာများဖြင့် ပြုလုပ်ထားကြောင်းကိုသတိထားမိလိုက်သည်။ထို့ကြောင့် ထိုကဲ့သို့သောပစ္စည်းများက ကြွေနှင့်တူသော်လည်း ဆုယဲ့မူကမူ မတူကြောင်းသေသေချာချာနားလည်လေသည်။

အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော  အလှလေး   Where stories live. Discover now