၂၉.၃၀

485 65 3
                                    


အပိုင်း ၂၉

ဆုယဲ့မူက စိုက်ခင်း၏ပုံကြမ်းကို သုံးရက်ခန့် အချိန်ယူကာရေးဆွဲလိုက်ရသည်။ ပုံကြမ်းက ပြီးသွားသည်နှင့်ရှောင်းနန်က ထိုပုံကြမ်းကိုယူပြီး ကျန်းယွီ၏အဖေကို ကူညီကာဆောက်လုပ်ခိုင်းရန်ပြောသည်။ ထိုအခါမှသာ ဆုယဲ့မူကလည်း အဖေကျန်း၏အလုပ်များထဲမှ တစ်ခုက ကန်ထရိုက်လုပ်ခြင်းဖြစ်ကြောင်း သိလိုက်သည်။ သို့ရာတွင် သူ၏လုပ်ဆောင်ပုံကမူ သည်နေ့ခေတ်လောကမှ နည်းပညာများ၏ လုပ်ဆောင်မှုနှင့်ကွာခြားသည်။ သူကစက်ရုပ်များကိုသုံးပြီး အခြားသောပစ္စည်းများနှင့် အတူ တိုက်ရိုက်တည်ဆောက်လိုက်ခြင်းဖြစ်သည်။ သူ့အတွက် အလိုအပ်ဆုံးက တုပဖန်တီးခြင်းဖြစ်သည်။
အလုပ်များထဲမှ တစ်ခုဟုဆိုခြင်းမှာ အခြားသော ဆောက်လုပ်ရေး ကုမ္ပဏီများအတွက် အိမ်တစ်လုံးဆောက်ရန် တစ်ရက်ခန့်အချိန်ယူရချိန်တွင် သူတို့ကိုရှာဖွေရန် ငါးရက်ခန့်အချိန်ယူရနိုင်လေသည်။ သည်နည်းအားဖြင့် အဖေကျန်းနှင့် သူ၏ကန်ထရိုက်အသင်းက အချိန်အတန်ကြာသည်အထိ အလုပ်မရှိဖြစ်နေတတ်သည်။

မိသားစုကိုထောက်ပံ့ရန်အတွက် သူ၏ကန်ထရိုက်အသင်းက အလုပ်မရှိသော အချိန်မျိုးတွင် အခြားသောနေရာများတွင် လူအများမလုပ်သောအလုပ်များကို ရှာဖွေကာ လုပ်ဆောင်ရသည်။ သို့မဟုတ်လျှင်လည်း စွန့်ပစ်ပစ္စည်းများထားသောနေရာသို့သွားပြီး စက်ရုပ်အပိုင်းအစပစ္စည်းများကိုကောက်ကာ ပိုက်ဆံတွေပြန်လဲသည်။ ခေတ်သစ်ကာလမှနည်းပညာက အဆင့်မြင့်လွန်းသည်။ လူသားများ၏တည်ရှိမှုက တစ်ခါတစ်ရံတွင် အသုံးမဝင်ဖြစ်သွားသည်။ ထိုစကားကလည်း မှန်ကန်နေ၏။ ထိုအကြောင်းပြချက်ကြောင့်လည်း စိုင်ရာဂြိုလ်က ဆင်းရဲလွန်းနေခြင်းဖြစ်သည်။

သူတို့နှစ်ယောက်က ကျန်းမိသားစုအိမ်သို့ရောက်လာသောအခါ ကျန်းရှောင်ယွီက တံခါးဝတွင်ထိုင်နေပြီး သစ်သားဖြင့် တစ်စုံတစ်ရာကို ထွင်းထုနေပုံရသည်။ ထို့နောက် ရှောင်းနန်နှင့်ဆုယဲ့မူတို့က ဝင်လာကြောင်းမြင်သောအခါ ထိုပစ္စည်းကို ချက်ချင်းဆိုသလို အနောက်သို့ပို့ကာ ဝှက်လိုက်သည်။

အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော  အလှလေး   Tempat cerita menjadi hidup. Temukan sekarang