၂၅.၂၆

569 79 1
                                    


အပိုင်း ၂၅

သည်နေ့အတွက် ပြောင်းဖူး၊ မုန်လာဥဖက်ထုပ်နှင့် အသားနံရိုးဆန်ပြုတ်တို့ကို ပြင်ဆင်ထားသည့်အတွက် ဆုယဲ့မူက နှစ်ယောက်ကိုသာ မဲဖောက်ပေးနိုင်တော့မည် ဖြစ်သည်။ အခြားသူများက  “အရသာမရှိတဲ့စားစရာ” နှင့် “ငါက ဒဏ္ဍာရီပဲ” တို့ဖြစ်သည်။ စနစ်က ရလဒ်ကိုကြေညာသောအခါ ကြည့်ရှုသူများအားလုံးက အော်ညီးကြပြန်သည်။

[ငိုနေပြီ ငါ မဟုတ်ပြန်ဘူး]

[ဟား ဟား ဟား ပေါက်သွားပြီ ပေါက်သွားပြီ တင်ဆက်သူကို ချစ်လိုက်တာ၊ အင်ပါယာကြီးကိုလည်းချစ်တယ်]

[ဆရာ ငါက အာဟပါ၊ ငါ့ကိုမြင်လား၊ ငါ ဖုန်းနဲ့လေ့လာခွင့်လျှောက်ပြီးပြီ၊ ကျောင်းက အသိအမှတ်ပြုတဲ့အခါ ဆရာ့ကို လာရှာတော့မယ်]

စနစ် .. “ကာနီဘိုး” က “ခေါင်းဆောင်” ပို့လိုက်ပြီ၊ အားလုံးပဲ [အစားအသောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း] ကိုလာပြီး တိုက်ခိုက်သူတွေကို ရွေးချယ်ကြပါ။

စနစ် .. “အာဟ” က “ခေါင်းဆောင်” ကိုပို့လိုက်ပြီ အားလုံးပဲ [အစားအသောက် တိုက်ရိုက်ထုတ်လွှင့်မှုအခန်း] ကိုလာပြီး တိုက်ခိုက်သူတွေကိုရွေးချယ်ကြပါ။

လက်ဆောင်များက ဆက်တိုက်ဝင်လာနေပြီး ဖန်သားပြင်ကလည်း အက်ဖက်အပြည့်ဖြင့် ပေါက်ကွဲနေသည်။

တစ်ယောက်ပြီးတစ်ယောက်က ဖက်ထုပ်များကိုမြည်းစမ်းကြည့်နေရင်း ဆုယဲ့မူ၏အနောက်တွင်ရပ်နေသော လူကြီးမင်းချန်း၏နှုတ်ခမ်းများက ကော့တက်နေ သည်။ သူက တာမင်နယ်ကို မေးငေါ့ကြည့်ရင်း တိတ်ဆိတ်စွာဖြင့် တဟီးဟီးရယ်နေသည်။

[ငါ မြင်တယ် ငါ မြင်တယ်၊ သူ ငါတို့ကိုလှောင်နေတယ်၊ ငါတို့ကိုလှောင်နေတာ]

[အပေါင်း ၁ အပေါ်က တစ်ယောက်ပြောတာမှန်တယ်၊ လှောင်နေရုံတင်မကဘူး၊ ဖျားယောင်းနေသေးတယ်၊ အာ အာ ဒေါသထွက်လိုက်တာ]

[တာမင်နယ်ထဲက ကုန်းထွက်သွားပြီး သူ့ဆီ လေဆာသေနတ်နဲ့ ပစ်လိုက်ချင် တယ်၊ ဖက်ထုပ်တွေအားလုံးပေးစမ်း]

[ပေါ်‌ပေါ် သူ ငါတို့ကို လှောင်နေတယ်]

ဆုယဲ့မူက ခေါင်းလှည့်ကြည့်လိုက်သောအခါ လောင်ချန်းက ခါးသီးစွာ တစ်ယောက်တည်း ကြိတ်စားနေကြောင်း မြင်လိုက်ရသည်။ ဆုယဲ့မူက သူ့ကို ကြည့်နေကြောင်း သတိထားမိသည့်အချိန်တွင် ခေါင်းကိုမော့ကာ အပြစ်ကင်းစင်သော ပုံစံဖြင့်မေးလာသည်။

အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော  အလှလေး   Where stories live. Discover now