အပိုင်း ၂၇ကွန်မန့်များက ကျောင်းကျွင်းဘဲကို ဆက်လက်ပြီးချီးကျူးနေကြသည်။ လူတိုင်း၏အာရုံက အိုးထံရောက်နေသောအခါ ပိုက်ဆံများအားလုံးသယ်ပြီး တော်ဝင်အကယ်ဒမီမှ ခိုးထွက်သွားသော လူတစ်ယောက်ရှိကြောင်း မည်သူမျှမသိလိုက်ချေ။
တော်ဝင်အကယ်ဒမီ၏ကျောင်းအုပ်ရုံးခန်းတွင် ကျောင်းအုပ်ကြီးက စစ်ဘက်ဆိုင်ရာ စီမံခန့်ခွဲမှုဌာနခေါင်းဆောင်ကို ဒေါသအမျက်ချောင်းချောင်း ထွက်နေသော အကြည့်မျိုးဖြင့် စူးစိုက်ကြည့်နေသည်။
“မင်းတို့ လူကိုဘယ်လိုစောင့်ကြည့်နေတာလဲ၊ သက်ရှိလူတစ်ယောက်က မင်းတို့အရှေ့မှာ မျက်တောင်တစ်ခတ်အချိန်အတွင်း ဘယ်လိုများ ပျောက်ကွယ်သွား နိုင်မှာလဲ”
စားပွဲပေါ်သို့ တဒုန်းဒုန်းဖိချလိုက်သောအသံနှင့်အတူ ဌာနခေါင်းဆောင်က ပေါက်ကွဲသံများကိုရှောင်ရန် ဘေးသို့အနည်းငယ်စောင်းလိုက်ပြီးနောက် မျက်မှန်ကို တွန်းတင်သည်။
“အရှင် ကယ်ဗင်က အသက် ၂၂ နှစ်ရှိနေပါပြီ၊ သူက ကောင်းကောင်းရွေ့လျား လှုပ်ရှားသွားလာနိုင်တဲ့ ကလေးကြီးတစ်ယောက်ပါ၊ ကျွန်တော်က သူ့ကိုမချုပ်ထားသမျှ သူ့ကိုတားဖို့မဖြစ်နိုင်ပါဘူး”
သူက ကယ်ဗင်၏ ပညာလေ့လာရင်း ခရီးစဉ်ဆိုသောဖောင်ကို ပို့ပြီးပြန်လာရုံသာ ရှိသေးသည် မမျှော်လင့်ထားဘဲ ကျောင်းမှ ထွက်သွားမည်ဟု မမျှော်လင့်ထားမိချေ။
ဒါက ဉာဏ်များလွန်းတယ်
သည်အင်ပါယာ၏အနာဂါတ်ကို ဘယ်လိုများတာဝန်ယူနိုင်မှာလဲ
“ငါ ဂရုမစိုက်ဘူး၊ မင်းတို့ဘယ်လိုနည်းနဲ့မဆို ကယ်ဗင်ကိုပြန်ခေါ်လာခဲ့၊ မဟုတ်ရင် မဟုတ်ရင် မင်းတို့တွေ ပြန်လာစရာမလိုတော့ဘူး ဟမ့်”
ကျောင်းအုပ်က ခပ်ပြင်းပြင်းနှာခေါင်းရှုံ့လိုက်ပြီး ဒေါသတကြီး ပြေးထွက်သွားသည်။ သူကလည်း ထိုမျှကြီးလေးသောကိစ္စကို သူ၏အထက်သို့ တင်ပြရအုံးမည်ဖြစ်သည်။ သူက မနှောင့်နှေးရဲချေ။ တော်ဝင်အကယ်ဒမီရဲ့ကျောင်းအုပ်က ဒီလောက် အလောတကြီးပြေးထွက်သွားတာကို ဘယ်သူက ယုံကြည်ရဲနိုင်မှာလဲ။
YOU ARE READING
အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော အလှလေး
Romancenot my own This is a translation novel. Crd cover photo.I took it from pinterest!