အပိုင်း ၂၁“သခင် အရေးကြီးမက်ဆေ့ဝင်လာပါတယ်”
လူအိုကြီးပိုင်၏တာမင်နယ်က မြည်လာသည်။ လူအိုကြီး၏ခွင့်ပြုချက်နှင့်အတူ တာမင်နယ်၏လျှပ်စစ်အားလှိုင်းက ထိုလူအိုကြီးပိုင်၏ အလင်းဦးနှောက်နှင့် ဆက်ထားသော လျှပ်စစ်အားလှိုင်းများထံ ဆက်နွယ်ပေးလာသည်။ သည်နည်းအားဖြင့် ထိုအချက်အလက်များအားလုံးက သူ၏အသိစိတ်ထဲသို့ ကူးပြောင်းလာသည်။ ချက်ချင်းဆိုသလိုပင် လူအိုကြီးပိုင်၏အသားအရောင်က ပြဇာတ်ဆန်ဆန်ပြောင်းလဲသွားပြီးအလျင်စလိုထရပ်လိုက်သည်။
“ငါ အရေးပေါ် အစည်းအဝေးတက်ရမယ်၊ ဒီတော့ ငါ ထွက်သွားတော့မယ်”
“ဖြည်းဖြည်းသွား”
လူကြီးမင်းသိုက်အန်းက လက်ကိုရမ်းလိုက်ပြီးနောက် ထွက်သွားသော ကျောပြင်ကိုကြည့်ကာ အတွေးနက်သွားသည်။
လူအိုကြီးပိုင် ထွက်သွားပြီးနောက် သူက ရန်၏တာမင်နယ်ကို ချိတ်ဆက်လိုက်သည်။
“သိရပြီလား”
ရန်က မာရှ်ပေါ်တွင်ရောက်နေပြီဖြစ်သည်။ တိုက်ရိုက်ထုတ်လွှင့်မှုဌာနချုပ်မှလည်း တုန့်ပြန်မှုပေါင်းများစွာထွက်နေ၏။
“လူကြီးမင်းပိုင်က နန်းတော်ကို သွားတဲ့လမ်းကိုရောက်နေပြီ”
“သတင်းကောင်း”
ထိုစကားများကိုပြောပြီးနောက် လူအိုကြီးပိုင်က လေသင်္ဘောအသေးလေးထဲသို့ အလျင်စလိုတက်လိုက်ပြီးနောက် တော်ဝင်မြို့တော်သို့ပြန်သည်။ သူက အိုနေလေပြီ။ သို့သော် ငယ်ရွယ်သူများနှင့်မတူသည်မှာ သူက မာရှ်ကို လိုက်မောင်းနေနိုင် သေးလေသည်။
လူအိုကြီးပိုင်က နန်းတော်၏ဂိတ်ဝသို့ရောက်သောအခါ ဧကရာဇ်အပါးရှိ အစောင့်ခေါင်းဆောင်က သူ့ကို အသင့်စောင့်ကြိုနေကြောင်းမြင်လိုက်ရသည်။ သူတို့နှစ်ယောက်က နန်းတော်ထဲသို့ ရပ်ထားသောကားပျံပေါ်သို့ အသင့်ဝင်သွားလိုက်ကြသည်။
ခန်းမထဲတွင် ဧကရီက ခပ်တိုးတိုးငိုရှိုက်နေသည်။ ဧကရာဇ်ကမူ မင်းသားလိန်းကို စကားပြောနေရင်း မျက်မှောင်ကြုတ်နေသည်။
YOU ARE READING
အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော အလှလေး
Romancenot my own This is a translation novel. Crd cover photo.I took it from pinterest!