အပိုင်း ၁၅တော်ဝင်အကယ်ဒမီတွင်
"တစ်ယောက်ယောက်က ပေါ်ပေါ်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို ပြဿနာလာရှာနေတယ်"ထျန်းချီက နင်ချွမ်၏လက်မောင်းကို လှမ်းဆွဲကာ အံကြိတ်သံဖြင့်ပြောသည်။ ထျန်းချီအသံက မတိုးချေ။ ထို့ကြောင့် အနားရှိသူတိုင်းကြားလိုက်ရသည်။ သူတို့က ချက်ချင်းဆိုသလို တာမင်နယ်ကို တစ်ယောက်ပြီးတစ်ယောက်ဝင်ကြည့်ကြပြီး တိုက်ပွဲနယ်မြေသို့ ချီတက်တော့မည့်အလား သံချပ်ကာများကို အပြည့်အဝတပ်ဆင် တော့မည့်အချိန်တွင် အံ့အားတကြီးဖြစ်သွားကြသည်။
သူတို့ရဲ့တိုက်ခိုက်နိုင်စွမ်းက ဒီလောက်အင်အားကြီးတာလား။ဆုယဲ့မူ [လိမ္မော်သီးလေး] .. တရုတ်ပြည်ရဲ့ ထန်မင်းဆက်နှောင်းပိုင်းခေတ် ကာလအတောအတွင်းမှာ လော့ရင်လို့ခေါ်တဲ့ ဆင်းရဲတဲ့ ပညာသင်သားတစ်ယောက်က ကျုံးလင်တိုင်းပြည်အနားက ဖြတ်သွားတဲ့အချိန်မှာ ခန္ဓာကိုယ်နဲ့အနုပညာနှစ်ခုလုံးကို ရောင်းချတဲ့ အဲ့ဒီပြည်နယ်က သီချင်းဆိုဖျော်ဖြေသူ မိန်းကလေးယွန်ယွန်နဲ့ဆုံခဲ့တယ်၊ ၁၂ နှစ်ကြာပြီးတဲ့နောက်မှာ လော့ရင်က ကျုံးလင်မြို့က တစ်ဖန်ထပ်ပြီးဖြတ်သွားတဲ့ အချိန်မှာ ယွန်ယွန်က တေးဂီတအဖွဲ့သားတစ်ယောက်ဖြစ်နေသေးပြီး မလွတ်မြောက်နိုင် သေးတဲ့အကြောင်း မြင်လိုက်ရတော့ လော့ရင်လည်း အချိန်တစ်ခုကြာတဲ့အထိ အရမ်းကို နက်နက်ရှိုင်းရှိုင်း ဝမ်းနည်းသွားခဲ့ရတယ်၊ မမျှော်လင့်ထားဘဲ ယွန်ယန်က လော့ရင်ကို မြင်တဲ့အချိန်မှာ အရမ်းကိုအံ့အားသင့်သွားတယ် ..
"လော့ရင်က ဘာလို့ သာမန်လူပဲဖြစ်နေသေးတာလဲ"
"ငါက နာမည်လည်းမကြီးဘူး၊ လက်လည်းမထပ်ရသေးဘူး၊ ဆိုတော့ ငါက အခြားသူတွေလောက် မကောင်းတာဖြစ်နိုင်ပါတယ်"
""ယွန်ယွန်က လက်မထပ်ရသေးဘူး" ဆိုတဲ့စကားလုံးကို နောက်ပိုင်းမှာ အသုံးပြုတဲ့အချိန်မှာ လက်မထပ်ရသေးတဲ့အမျိုးသမီးကို ဖော်ပြဖို့သုံးတာမဟုတ်ဘူး၊ ဒီစကားလုံးက ဂုဏ်သတင်းဆိုးရွားတဲ့ မိန်းကလေးတွေအတွက်ပဲ၊ ဒါကြောင့် သတိနဲ့ သုံးစေချင်တယ်"
VOCÊ ESTÁ LENDO
အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော အလှလေး
Romancenot my own This is a translation novel. Crd cover photo.I took it from pinterest!