အပိုင်း ၁၁စနစ် .. “ပိုင်ရီးထူ” က ခေါင်းဆောင်များအတွက် မဲပေးလိုက်ပါပြီ၊ အားလုံးပဲ အစားအသောက်တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲကိုလာပြီး လက်ဆောင်တွေကိုယူကြပါ။
လက်ဆောင်များက ပေါက်ကွဲမတတ်ရောက်ရှိလာသည်။ ထိုသို့ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုပလပ်ဖောင်းတွင် ဆူညံသံက ဆက်တိုက်ထွက်ပေါ်နေသည်။ ထိုသို့ဖြင့် လူက တစ်သုတ်ပြီးတစ်သုတ်ဝင်လာသည်။ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းထဲသို့ ဝင်လာသောသူများက ဆက်တိုက်များပြားလာပြီး ရောက်လာသမျှလူတိုင်းကလည်း ကြောင်တောင်တောင်ဖြစ်သွားကြသည်။
အမဲသားကိုချက်ပြီးနောက် ဆုယဲ့မူက ခေါက်ဆွဲကိုသွားပြုတ်သည်။ လတ်လတ်ဆတ်ဆတ်ဆွဲကာလုပ်ထားသော ထိုခေါက်ဆွဲများက အချိန်အကြာကြီး ပြုတ်ရန်မလိုအပ်ချေ။ သည်အတိုင်း တစ်ခဏခန့် ရေနွေးဖျောလိုက်ရုံဖြင့် လုံလောက်ပြီဖြစ်သည်။ခေါက်ဆွဲအရည်အတွက် အရွက်စိမ်းများကိုထည့်ကာ ချက်ပြုတ်ထားပြီး ခေါက်ဆွဲအပေါ်သို့ မုန်လာဥနီနှင့်အမဲသားနှပ်အရည်တို့ကို ရောကာလောင်းထည့် လိုက်သည်။ ထိုသို့ဖြင့်အရသာရှိကာ ကောင်းမွန်လွန်သည့်အမဲသားခေါက်ဆွဲက အဆင်သင့်ဖြစ်လေပြီ။
/လက်ဆတ်တာပဲ၊ လုံးဝကိုဆွဲဆောင်မှုပြင်းပြီး အနံ့အရသာအပြည့်နဲ့ တော်လိုက်တာ ဒီလိုဂျုံအမှုန့်ကနေ ဒီလောက်အရသာရှိတဲ့ အရာမျိုးလုပ်နိုင်မယ်လို့ မထင်ထားဘူး/
/ငါ ဒီအမဲသားခေါက်ဆွဲတစ်ပန်းကန်အတွက် တစ်လလုံးစာလခကိုပေးဖို့တောင် ဆန္ဒရှိတယ်၊ တအားအရသာရှိတာပဲ/
ထိုအချိန်တွင် စစ်ရှီအသားလုံးများကလည်း အဆင်သင့်ဖြစ်လေပြီ။ အပေါ်ယံက ရွှေရောင်သန်းနေပြီး အတွင်းပိုင်းကမူ လတ်ဆတ်ကာ အငံဓါတ်လည်းပါသလို ကြွပ်ရွသည်။ ထို့အပြင် အသားကလည်းနူးညံ့နေသေးသည်။ တစ်ချက်ကိုက်ချလိုက် သည့်အခါ အတွင်းမှ အရသာရှိသော စွပ်ပြုတ်အရည်ပျစ်ပျစ်က ပါးစပ်အတွင်းသို့ စီးထွက်လာပေလိမ့်မည်။ ထိုအရည်က ပူနေပေလိမ့်မည်။ သို့သော် ချို၏။ ထို့ကြောင့် စားနေရင်းနှင့်ပင် သွားရည်ကျမတတ်အရသာရှိသွားစေသည်။
KAMU SEDANG MEMBACA
အရူးမှ စာဖိုမှူးအဖြစ် ပြောင်းလဲသွားပါသော အလှလေး
Romansanot my own This is a translation novel. Crd cover photo.I took it from pinterest!