Zawgyi
“ ဒါကဘာစကားလည်း ယွန်းလေး ”
ကြည့်လက်စ iPad ကိုဘေးချကာ ဂျယ်ယွန်း ဘက် အပြည့်အဝ မျက်နှာမူလာတဲ့ ဟီဆွန်း မျက်နှာသည် အနည်းငယ် တည်တင်းနေသည် ။ ခေါင်းအုံးလေးအောက်မှာ ဖွက်ထားတဲ့ ဂျယ်ယွန်း လက်သီးဆုပ်လေးတွေကလည်း ချွေးစတွေပင်သီးလျက် ။
“ သား အိမ်ခွဲနေချင်တယ် ဦးငယ် ”
“ မရဘူး ”
“ ဦးငယ် သား အိမ်ခွဲနေချင်တယ် ”
“ မရဘူး လို့ပြောလိုက်တဲ့ ဦးငယ် စကားကို မကြားတာလား ဂျယ်ယွန်း ”
“ ဘာလို့မရတာလည်း သားမကြာခင် အထက်တန်းပြီးတော့မယ် တက္ကသိုလ်ကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး တက်ချင်တယ် ”
“ အထက်တန်းပြီးမယ့် အသက် ၂၀ ဆိုတဲ့အရွယ်လေးမှာ မင်းကိုအပြင်မှာတစ်ယောက်ထဲနေခိုင်းဖို့ ဦးငယ် တို့ စိတ်ချမယ်ထင်နေတာလား ဂျယ်ယွန်း ”
“ သားမိန်းကလေးတစ်ယောက်လည်းမဟုတ်ဘူး ဦးငယ် တို့အလွန်အကြူးစိတ်ပူစရာမလိုပါဘူး ”
“ နေ့လည်စာသွားစားပြီး စာလုပ်နေတော့ ယွန်းလေး ဦးငယ် ဒီကိစ္စကို မကြားခဲ့ဘူးလို့ သဘောထားလိုက်မယ် ”
“ ခွင့်တောင်းနေတာမဟုတ်ဘူး အသိပေးတာ ဦးငယ်တို့သဘောမတူလည်း သားဆုံးဖြတ်ချက်ကို မပြင်နိုင်ဘူး ”
ဖုန်းနှင့်ပိုက်ဆံအိတ်ကို ကောက်ဆွဲကာ အိမ်နေရင်း pajamas အပြာနုရောင်လေးကိုပဲဝတ်ပြီး အိမ်ပြင်ထွက်သွားတဲ့ ဂျယ်ယွန်း ရဲ့ မျက်ဝန်းတွေဟာ ရေပြင်ညီလို တည်ငြိမ်လျက် ။ မေမေ့ရဲ့တိုက်တွန်းချက်တွေဖိအားတွေကြား ရှုပ်ပွေနေခဲ့တဲ့ စိတ်ဟာ ဂျယ်ယွန်း စကားကြောင့်ပိုလို့ဆိုးလာခဲ့သည် ။
မျက်မှောင်ကိုကြုံ့ထားရင်းကပဲ တဆစ်ဆစ်နဲ့ထိုးကိုက်လာတဲ့ ဦးခေါင်းကြောင့် အနားအံဆွဲထဲက ဆေးလုံးတွေကို လေးလုံးခန့် ယူသောက်ပစ်လိုက်သည် ။ အရင်ရက်တွေကထပ်ပိုဆိုးလာတဲ့ ခေါင်းကိုက်ခြင်းကြောင့် ဟီဆွန်း ဒီရက်ပိုင်း ကုမ္ပဏီပင်မသွားပဲ အိမ်မှာသာ အလုပ်လုပ်နေမိသည် ။
DU LIEST GERADE
𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲
Fanfiction" ရုန်းထွက်ရင်းနဲ့ ထပ်ထပ်နစ်ခဲ့ ဖြတ်တောက်တိုင်းလည်း ပြတ်ဖို့ခက်တဲ့ သံယောဇဥ် ~ " #ᴊᴀᴇʏᴜɴ #ᴊᴀᴋᴇ_ᴄᴇɴᴛʀɪᴄ #ʜᴇᴇsᴇᴜɴɢ #ᴊᴏɴɢsᴇᴏɴɢ #sᴜɴɢʜᴏᴏɴ 020522