ᴄʜᴀᴘᴛᴇʀ : ᴛᴇɴ

1K 126 9
                                    


Zawgyi

အမှောင်ချထားတဲ့ အခန်းငယ် အတွင်း ရှိုက်သံသဲ့သဲ့တို့က ပျံ့လွင့်လျက် ။ အနည်းငယ် အိုဟောင်းနေတဲ့ စန္ဒယား တစ်ခုရယ် ရောင်စုံပန်းချီကားချပ်တွေနဲ့အတူ အခန်းထောင့်တွင် ကြိုးများ ပြတ်ထွက်နေသော ဂစ်တာတစ်လက် ။

“ ကိုကို ...  ”

“ စိတ်တိုင်းကျလုပ်ပြီးနေပြီမလား ငါ့ဆီမလာပါနဲ့ ”

“ ငါမရည်ရွယ်ခဲ့ပါဘူး ”

“ မင်းငါ့ကို ကြိုက်သလောက် နာကျင်စေလို့ရတယ် ဒါပေမယ့် အကို့ကိုတော့ ဓားစာခံမလုပ်ပါနဲ့လား ”

သူထွန်းလိုက်လို့ လင်းလာတဲ့ မီးရောင်အောက် နံရံထဲတိုးဝင်တော့မတတ် သေးငယ်စွာ ထိုင်နေတဲ့ ကောင်လေး က သူသိပ်သဘောကျရတဲ့မျက်လုံးဝိုင်းလေးတွေ ရဲတွတ်တဲ့အထိ ငိုရင်းပဲ တောင်းဆိုလာတယ် ။ မွန်းကြပ် အောင့်သက်လာလိုက်တာများ ။

“ ဘာလို့လည်း ငါကဘာလို့ အဲ့လိုလုပ်လို့မရတာလည်း အကြောင်းပြချက် မင်းပေးပါဦး ”

“ မင်း ပြစ်ဒဏ်ခံရလိမ့်မယ် ငယ်လေး ”

“ ယန်းဂျောင်ဝန်း ရာ မင်းပဲ သိပ်ကို ဖြူစင်နေလိုက်ပါတော့ကွာ ”

ထိုတစ်ခွန်းသည် နီခီ နောက်ဆုံးပြောထွက်နိုင်သော စကားပင် ။ တစ်ဖက်လူ၏ မျက်ရည်တွေကို မကြည့်ရက်နိုင်တော့စွာ အခန်းထဲမှ ထွက်လာသည့်တိုင် ရှိုက်သံတွေက နောက်ပါးထံ ကပ်ပါလာဆဲ ။

ကိုယ်ပိုင်အခန်းထဲရောက်တာနဲ့ ရေချိုးခန်းထဲရေပန်းအောက် သွားထိုင်နေမိသည် ။ မြင်လွှာတွေကို ပိတ်ချလိုက်မိတာနဲ့ ထင်းနေအောင် ပေါ်လာတဲ့ သူ့အနမ်းတွေကို ခံယူနေသော အမျိုးသားလေး ။ မျက်နှာတစ်ခုလုံးနီရဲကာ ထွက်ပြေးသွားတဲ့ ကျောပြင်လေး က အလျင်စလိုနိုင်တာတောင် အဖြူရောင်တွေ အဖြူရောင်တွေ ဆိုတာလေ နီခီ ထိုနေရာမှာတင် သတ်သေချင်သွားတဲ့အထိ ။ သူ့ကို နောင်တမရတတ်သူလို့ ယန်းဂျောင်ဝန်း ကမှတ်ယူနေသလားပဲဟု ခပ်ချဉ်ချဉ်တွေးမိသည် ။

ရေစိုစက်လက်နဲ့ပဲ ကုတင်ထက် ငုတ်တုတ်ထိုင်လိုက်မိရင်း နံရံကြီးထက်က ဓာတ်ပုံကြီးအား သေချာငေးစိုက်ကြည့်မိသည် ။ ဟန်မြစ်ကမ်းဘေးမှာ ကျောပိုးအိတ်အနက်ရောင်လေးတစ်လုံးလွယ်ထား ရင်း pose မျိုးစုံ ပေးနေတဲ့ ကောင်လေး အား ပြန်မြင်ယောင်ပြန်တော့ ဟက်ကနဲ တစ်ချက်ရီမိပြန်သည် ။

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Hikayelerin yaşadığı yer. Şimdi keşfedin