ᴄʜᴀᴘᴛᴇʀ : sɪx

1.3K 155 7
                                    

[Zawgyi]

အိမ်တော်ကြီးသည် ညဘက်ရောက်ပြီမလို့ ထိန်လင်းနေတဲ့ မီးရောင်တွေကြား ခမ်းနားစွာတည်ရှိနေသည် ။ အိမ်ကြီး၏
ဧည့်ခန်းတွင်တော့ စာလုပ်နေတဲ့ ဂျယ်ယွန်း ရှိသည် ။ စာ
ကြည့်ခန်းလုပ်ပေးထားပေမယ့် တစ်ယောက်ထဲမနေချင်ဘူး ဟုဆိုသည့် ဂျယ်ယွန်း အား ဧည့်ခန်းတွင် စားပွဲကျယ်ကျယ်တစ်လုံး ပြင်ထားပေးရသည် ။ ကြမ်းပြင်မှာထိုင်ချကာ စာလုပ်ချင်ပါသည်ဟုဆိုတော့လည်း အမွှေးပွအခင်းလေးတွေနဲ့ ဝက်ဝံရုပ်လေးနှစ်ရုပ်လောက်ကို အနားချခင်းပေးထားရသည် ။ စည်းကမ်းရှိတဲ့ကလေးဖြစ်တာမလို့ စာလုပ်ပြီးတိုင်းလည်း ရှုပ်ပွမနေခဲ့ ။ သူ့နေရာနဲ့သူ ထားစရာရှိတာထားသိမ်းစရာရှိတာသိမ်းသွားသေးသည် ။ ရှင်းမ်ဂျယ်ယွန်း လေးက ပညာရေးနဲ့ပတ်သက်လာရင်တော့ စည်းကမ်းရှိတဲ့ကောင်ကလေးဖြစ်သည် ။

အခုလည်း သင်္ချာပုစ္ဆာတွေကို နှုတ်ခမ်းလေးတထော်ထော်
ဖြင့် တွက်ချက်နေတဲ့ ဂျယ်ယွန်း ။ ဘေးကဆိုဖာတွင်တော့ လိမ္မော်သီး အခွံထိုင်ခွာပေးနေတဲ့ ဂျုံဆောင်းရှိသည် ။ ဆောင်းဟွန်း က အခန်းထဲမှာ နိုင်ငံခြားက ရှယ်ယာရှင်တွေနဲ့ online meeting လုပ်နေရသေးသည် ။ ဟီဆွန်းကတော့ ဟင်းချက်နေသည် ။ ဆိုတော့ ဒီညအတွက် ကလေးလေးအနား စာလုပ်တာထိုင်စောင့်ပေးရသည်က ဂျုံဆောင်း ဖြစ်သွားသည် ။

" ဦးငယ်လေး ... "

" ပြောလေး ကလေးလေး ဘာနားမလည်လို့လည်း "

" သား သင်္ချာမှာ လတိုင်းအမှတ်ပြည့်ရလို့ တီချယ်က လူရည်ချွန်ဝင်ဖြေခိုင်းနေတယ် "

" ကလေးလေးကရော ဖြေချင်လား "

" ဦးငယ်တို့ဖြေဖို့သဘောတူရင် သားဖြေမှာပါ "

လိမ္မော်သီးတစ်စိတ်ကိုနှိုက်စားရင်း ပြုံးပြုံးလေးဆိုလာတဲ့ ကလေးလေး ။ ဂျုံဆောင်း ဂျယ်ယွန်းခေါင်းလေးကို ပုတ်ပေးတော့ ဇက်ကလေးပုကာ လျှာထုတ်ပြသေးသည် ။ ချစ်မွှေးလေးကတော့ ဘာလုပ်လုပ် ချစ်ဖို့ကောင်းနေတာက ခက်ရချည်ရဲ့ ။

" ပညာရေးနဲ့ပတ်သက်ရင် ဦးငယ် တို့က ထိန်းချုပ်တယ်ဆိုတာ အတိုင်းအတာလေးရှိပါတယ် ဂျယ်ယွန်း ရဲ့ ဒါဆိုဒါပဲ လုပ်ကိုလုပ်ရမယ် မလုပ်ရဘူး ဆိုတာမျိုး ဦးငယ်တို့ မကန့်သတ်ဘူး ဂျယ်ယွန်း ကလိမ္မာပြီးသား ဥာဏ်ကောင်းပြီးသား ဘယ်လိုအရာက သင့်တော်မလည်း ဆိုတာသိထားပြီးသား ဂျယ်ယွန်း ရွေးချယ်တာတွေကို ဦးငယ်တို့က မကန့်ကွက်ဘူး လိုလေသေးမရှိပဲဖြည့်ဆည်းသွားမယ် ဒါကြောင့် နောက်ဆို ဦးငယ်တို့သဘော ဆိုတာမျိုး မပြောရဘူးကြားလား "

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Donde viven las historias. Descúbrelo ahora