ᴊᴀᴇʏᴜɴɪᴇ's ᴅɪᴀʀʏ ᴡʀɪᴛᴛᴇɴ ʙʏ ʜᴏᴏɴ

761 78 11
                                    





❄☃️ “ဆောင်းဟွန်းရဲ့ အလှဆုံးမွေးနေ့ ။”

_____________________ ᴊᴀᴇʏᴜɴɪᴇ ❁

ပေပွနေတဲ့ ရောင်စုံဆေးဘူးတွေနဲ့ ဟိုနေရာဒီနေရာ ပြန့်ကြဲနေတဲ့ canvas အဟောင်းတို့က ဆောင်းဟွန်း အခန်းထဲမှာ မျက်စိရှုပ်ဖွယ် နေရာယူလို့ထားသည် ။ သို့သော်လည်း ထို အမြင်ရှုပ်စရာထဲကမှ ဆေးဘူးတွေနား ပိပိရိရိလေးထိုင်ကာ လက်ဖဝါးနုနုလေးနှစ်ဖက်ကို ထိုဆေးတွေထဲနှစ်လိုက် လွှင့်ထားတဲ့ canvas ပေါ်မှာ သွားပွတ်သပ်လိုက် လုပ်နေတဲ့ ဂျယ်ယွန်း လေးကတော့ ပကတိ ချစ်စရာကောင်းလွန်းစွာ ။

" ဟွန်း ဟွန်း "

" ဗျာ "

ရုတ်တရပ် ထူးလိုက်တဲ့ ဆောင်းဟွန်း အသံကိုကြားတော့ ဂျယ်ယွန်းလေးက သွားပေါက်စလေးတွေ ညီနေအောင် ပေါ်လာတဲ့အထိ သဘောတကျကို ရီတော့သည် ။ နားမလည် ဖြစ်သွားရတဲ့ ဆောင်းဟွန်း ခများ ကလေးလေး ၏ ရှေ့တည့်တည့်က စာရွက်ကို ကြည့်လိုက်မိကာမှပဲ ဟွန်းဟွန်း ဆိုတာ သူ့ကိုခေါ်ခြင်းမဟုတ်ပဲ စာရွက်ဖြူပေါ်က ကားဟု ယူဆလို့ရမဲ့ အရာလေးကို ပြောနေတာမှန်း သဘောပေါက်လိုက်ရတော့သည် ။

" ယွန်းလေး ဘာလုပ် "

" လှလှရေး "

" aigoo ကလေးလေးက ဦးငယ်ထပ်တောင် ပိုပြီး ပန်းချီလှလှတွေကို ဆွဲတတ်နေပြီပဲ "

" ခိခိ "

ခြောက်နှစ်ပြည့်ဖို့ လက်တစ်ကမ်းအလို အရွယ်လေး က ပိုပိုချစ်စရာကောင်းလာကာ တစ်နေ့ထပ်တစ်နေ့လည်း အချွဲပိုလာတာမလို့ ဆောင်းဟွန်း တို့သုံးယောက်မှာ ဂျယ်ယွန်း လေးအား ချစ်နေရင်းကိုချစ်မဝဖြစ်ကြရသည် ။ ဦးငယ်သုံးယောက် ရှိတဲ့ထဲမှာ ဂျယ်ယွန်း က ဆောင်းဟွန်း လက်ကိုပိုယဉ်သည် ။ ထို့အတူ ဆောင်းဟွန်း နဲ့နေရင် ပိုပြီး ငြိမ်ကာ ပြောစကားကိုလည်း နားထောင်သေးသည် ။ 

" လှလှရေးပြီးပြီ ဆိုတော့ ဘာလုပ်ရမလဲ မင်းသားလေး "

" waching ~! "
( washing )

အင်္ဂလိပ်လို မပီကလာပီကလာ အသံလေး ထွက်လာရင်လည်း ဆောင်းဟွန်း က သွားစွယ်ကလေးတွေပေါ်တဲ့အထိ အားပါးတရပြုံးတတ်သေးသည် ။ အဲ့နောက်တော့ ပွရှုပ်နေတဲ့ ပစ္စည်းတွေကို သိမ်းကာ ဂျယ်ယွန်း ကို ရေချိုးပေးဖို့ ပြင်ရသည် ။ လက်သေးသေးလေးတွေနဲ့ နိုင်တဲ့ဟာလေးတွေ ကူသိမ်းပေးနေတဲ့ ဂျယ်ယွန်းသေးသေးလေးက အကြည့်ဆုံတိုင်း ပြုံးပြဖို့လည်း မမေ့ ။

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Donde viven las historias. Descúbrelo ahora