ᴄʜᴀᴘᴛᴇʀ : sᴇᴠᴇɴᴛᴇᴇɴ

918 116 14
                                    


နာကျင်မှုအနည်းငယ် နဲ့အတူ သတိရလာတော့ ဂျယ်ယွန်း ကျောအောက်က အိစက်စက်ခံစားမှုကို ခံစားလိုက်ရသည် ။ နောက်ဆုံး မှတ်မိလိုက်တဲ့အသိက ကားတစ်စီးသည် သူ့ဆီအရှိန်နဲ့ဝင်လာတာဖြစ်သည် ။

ဘေးဘီကို ဝေ့ဝဲကြည့်မိတော့ အဖြူရောင်နဲ့အညိုဖျော့ရောင်ကို စပ်ယှက်ထားတဲ့ အခန်းငယ် သည် စိမ်းသက်နေသည့်တိုင် နွေးထွေးသည်ဟု ခံစားရနေဆဲ ။

ကုတင်ဘေးက ခုံလေးပေါ်မှာ ဆေးပစ္စည်းအချို့နဲ့ ရေဇလုံလေး ကလည်း နေရာယူကာ ဂျယ်ယွန်း ကိုယ်ပေါ်က အဝတ်အစားကလည်း ပြောင်းလဲလို့နေသည် ။

“ နိုးပြီလား အကို ... ”

အခန်းတံခါးနောက်ကနေ ပေါ်လာတဲ့ ကောင်လေးသည် ဂျယ်ယွန်း အထင်မမှားရင် ဂျယ်ယွန်းတို့၏ အတန်းခေါင်းဆောင် ယန်းဂျောင်ဝန်း ဆိုသော ကောင်လေး ။ ခပ်ကြီးကြီးမျက်လုံးဝိုင်းတွေက ကြည်လင်နေကာ လက်ထဲ ထမင်းဗန်းလေးကိုင်ရင်း ဂျယ်ယွန်း နားလျှောက်လာပုံက နူးနူးညံ့ညံ့ ။

“ ကျွန်တော် ဘယ်ခေါ်သွားရမှန်းမသိလို့ အိမ်ကိုခေါ်လာခဲ့တာ အကို ဆေးရုံကိုမကြိုက်မှန်းလည်းသိလို့လေ ”

“ အာ ကျေးဇူးပါ ဂျောင်ဝန်း ”

နွားနို့ခွက်လေး လက်ထဲပေးလိုက်တော့ စုံကိုင်ပြီး စောင်ထူထူအောက် ပုံ့ပုံ့ကလေးထိုင်နေတာက မသိသူဆို ဂျယ်ယွန်း ကအငယ်လို့ ထင်ချင်စရာ ။ ဂျောင်ဝန်း အတွက် အညိုရောင် cardigan သည် ဒီနေ့မှ ဝတ်ရတာ ပိုလို့ သက်သောင့်သက်သာဖြစ်နေသည် ။ ဖြစ်နိုင်တာက ဂျယ်ယွန်း ကိုယ်ပေါ်က နောက်ထပ် အညိုဖျော့ရောင် cardigan လေးကြောင့်လည်း ပါမှာပေါ့ ။

“ အိမ်ကို ဖုန်းဆက်ပေးရမလား အကို လူကြီးတွေ စိတ်ပူနေမယ် ထင်တယ် ”

“ အင်း ကျွန်တော့်ဖုန်းက screen ထိသွားလို့ ဂျောင်ဝန်း အဆင်ပြေရင် ဆက်ပေးနိုင်မလား ”

“ ဒါဆို ခဏလေးစောင့်ပေးနော် ”

“ ဟုတ် ဂျောင်ဝန်း ... ”

ပါးချိုင့်နက်နက်လေးပေါ်အောင်ပြုံးပြပြီး အခန်းထဲက ပြန်ထွက်သွားတဲ့ ဂျောင်ဝန်း ကို အကြောင်းပြချက်ရယ်မရှိပဲ မျက်စိတဆုံး ဂျယ်ယွန်း လိုက်ကြည့်မိသည် ။ တံခါးလော့ကျသံလေးဆုံးတော့မှ ဂျယ်ယွန်း မျက်နှာထက်တွင် အပြုံးပါးပါးလေးပေါ်လာသည် ။

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Wo Geschichten leben. Entdecke jetzt