ᴄʜᴀᴘᴛᴇʀ : ᴇɪɢʜᴛᴇᴇɴ

808 104 34
                                    





" ကျေးဇူးတင်ပါတယ် ညီလေး တကယ်ကို ကျေးဇူးတင်တာပါ "

အကြီးတန်မဲ့ ဦးကျိုးမတတ်ညွတ်ကာ ဂျောင်ဝန်း ကို ကျေးဇူးတင်ကြောင်း ပြောနေတဲ့ ဆောင်းဟွန်း နဲ့ ဂျုံဆောင်း ကြောင့် ဂျောင်ဝန်းမှာ အနေပင်ခက်လာသည် ။မျက်နှာနုနုလေး အနည်းငယ် ကသိကအောက် ဖြစ်လာတာကို သတိထားမိတာမလို့ ဂျယ်ယွန်း အိမ်အမြန်ပြန်ဖို့သာ တိုက်တွန်းမိသည် ။

" ကျေးဇူးပဲ ဂျောင်ဝန်း "

" ဟုတ် အကို ... နေကောင်းအောင်နေပေးပါ "

" အင်း "

အခန်းအကွယ်ကနေ ပုန်းပြီးကြည့်နေတဲ့ နီခီ ကိုလည်း ဂျယ်ယွန်း စိတ်ထဲမှ နှုတ်ဆက်လိုက်သည် ။ အိမ်ကလေးကို ကျောခိုင်းလာတော့ ဂျယ်ယွန်း မျက်ဝန်းလွှာတွေထဲ မျက်ရည်တွေချက်ချင်း ပြည့်လျှံလာသည် ။

ကားနားရောက်တော့ ရပ်တန့်သွားတဲ့ ဂျယ်ယွန်း ခြေလှမ်းတွေကြောင့် ဘေးက ဆောင်းဟွန်းရောဂျုံဆောင်းပါ အတူရပ်လိုက်ကြသည် ။

" ဘာဖြစ်လို့လည်း ယွန်းလေး ... "

ဂျုံဆောင်း အမေးကို ချက်ချင်းမဖြေနိုင်သေးပဲ မျက်ရည်တွေစီးကျလာတဲ့ ဂျယ်ယွန်း က အသံမထွက်မိအောင် အောက်နှုတ်ခမ်းလေးကို ပြတ်လုမတတ်ဖိကိုက်ထားသေးသည် ။

" အိမ်ပြန်ရအောင်လား ကလေးလေးရယ် "

ပုခုံးကလေးကို ဖွဖွလေး ပွတ်သပ်ကာ တိုးညှင်းစွာ ဆိုလာတဲ့ ဆောင်းဟွန်း ရဲ့ ရိုးရှင်းသော တောင်းဆိုချက်ကလေး သည် ဂျယ်ယွန်း အကြားအာရုံထဲ ပျံ့လွင့်လာတဲ့အခါ ကျလက်စ မျက်ရည်တွေကို သုတ်ပစ်ပြီး ကားအဖြူလေးထဲ ဝင်လိုက်တဲ့ ဂျယ်ယွန်း က အချို့သော မှတ်ဥာဏ်တွေကို တပါထဲ ချထားပစ်ခဲ့လိုက်သည် ။

အသံဝဲဝဲလေးနဲ့ စကားနည်းတဲ့ ဂျပန်ကိုရီးယားကပြား ကောင်လေး အကြောင်းကိုရော ပထမဆုံးအကြိမ် ဖြစ်တည်ခဲ့တဲ့ အနမ်းဦးကိုရော ဆယ်ကျော်သက်အရွယ်ရဲ့ အဦးဆုံး ရင်ခုန်သံတွေကိုရောပေါ့ ။

ဆောင်းဟွန်း ကိုယ်တိုင် မောင်းနှင်တဲ့ ကားကလေး ထွက်သွားတာကို လိုက်ကာစတွေနောက်မှ ပုန်းကွယ်ကြည့်နေတဲ့ နီခီ ကိုယ်တိုင်လည်း မျက်ရည်စအချို့ ဝေ့သီနေခဲ့ပါသေးသည် ။

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Tempat cerita menjadi hidup. Temukan sekarang