ᴊᴀᴇʏᴜɴɪᴇ's ᴅɪᴀʀʏ ᴡʀɪᴛᴛᴇɴ ʙʏ ᴊᴀʏ

707 74 11
                                    








_____________________ ᴊᴀᴇʏᴜɴɪᴇ ❁

နှာတရှုံ့ရှုံ့နဲ့ အခုထိ ဂျေး ရင်ခွင်ထဲ လုံးတစ်နေအောင် ဝင်တိုးနေသော ကလေးပေါက်စအား ကြည့်ကာ ဂျေး နှုတ်ခမ်းထက် အပြုံးကြီးကြီးတို့က ချိတ်ဆွဲလျက် ။ ဆောနူ ပြန်သွားပြီးထဲက ဂျေး ကို သူ့အနားကနေ အပျောက်မခံပဲ သွားလေရာ အင်္ကျီစဆွဲ၍ လိုက်နေသော ခွေးပေါက်ကလေးက နှုတ်ခမ်းဖူးဖူးလေးကိုလည်း စူထော်လို့ထားသေးသည် ။

" ပူတူးလေး ကိုယ်လက်တွေနာကုန်မယ်လေ "

" ဟင့်အင်း နာဘူး "

" ဘာတွေဂျီချင်နေတာလဲ ကလေးလေးရဲ့ မုန့်စားမလား ဦးငယ် ဘာလုပ်ကျွေးရမလဲ "

" တန်ပူရာ "

" အိုကေ ဒါဆို သဲတုန်က ခဏလောက် ဦးငယ်ပေါ်က ဆင်းပေးမလား "

" ဟင့်အင်း ဟင့်အင်း !!! အူးဝါး ဦးငယ် က ဂျယ်ယွန်း ကို ထားခဲ့မလို့လား "

ရုတ်တရပ်ကြီး မျက်ရည်ပေါက်ကြီးငယ်ကျလာကာ အော်ငိုလာတဲ့ ဂျယ်ယွန်း ကြောင့် ဂျေး မှာ အလန့်တကြား ကလေးကိုပြန်ပွေ့၍ ဆိုဖာပေါ် ပြန်ထိုင်လိုက်ရသည် ။ ဂျယ်ယွန်း ကတော့ လက်သီးလေးကိုဆုပ်ကာ တကယ်ကို ဝမ်းပန်းတနည်း ငိုနေတုန်း ။

" တိတ်ပါ သဲတုန်ရယ် ဦးငယ် ဘယ်မှမသွားပါဘူး ဒီမှာပဲ အတူရှိနေတယ်လေ ကလေးရဲ့ "

" တန်ပူရာ လည်းမစားတော့ဘူးမလို့ ဘယ်မှမသွားပါနဲ့နော် ဟင့် ဂျယ်ယွန်းနီး က နောက်ဆိုရင် ပိုပြီးလိမ္မာပါ့မယ် "

" aigoo ဦးငယ်ကလေးလေးက တအားကိုဝမ်းနည်းနေပါလား ဟင် ဟိုမှာ မိုးတွေတောင် ပြန်ရွာလာတော့မယ် သဲတုန်ငိုနေတော့ ကောင်းကင်ကြီးကပါ စိတ်မကောင်းဖြစ်နေပြီထင်တယ် "

ဂျေး စကားကိုကြားတော့ ရင်ခွင်ထဲက အသေးလေးက မျက်နှာလေးဖော်ကာ ပြတင်းပေါက်ကတဆင့် အပြင်ဘက်ကို လှမ်း၍ကြည့်သည် ။ ညနေပိုင်းအတွက် သင့်တော်လွန်းတဲ့ ရာသီဥတုအခြေအနေကို မြင်တော့လည်း ဂျေး အား နှုတ်ခမ်းလေးစူလို့ မျက်စောင်းထိုးပြန်တယ် ။ အမျိုးစုံကြိုးခုန်၍ ချစ်စရာကောင်းလွန်းနေသော ဂျေးရဲ့ အသည်းအသက်လေးရယ်ပါ ။

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Nơi câu chuyện tồn tại. Hãy khám phá bây giờ