ᴇᴘɪʟᴏɢᴜᴇ

1.4K 126 17
                                    




" သို့ အကို ...

ဂျောင်ဝန်း ပါ အကို ။ ဒီစာကို အကို ဖတ်နေချိန်ဆိုရင် ကျွန်တော် ဒီလောကထဲမှာ မရှိလောက်တော့ဘူး ထင်ပါရဲ့ ။ မျက်နှာချင်းဆိုင်ပြီး ဒီစကားတွေကို ဖွင့်ပြောချင်ခဲ့ပေမယ့် သတ္တိနည်းခဲ့တဲ့အတွက် အခု နောင်တတွေလည်း ကျွန်တော်ရနေပါတယ် ။ အကို သတိမမူမိခဲ့ပေမယ့် ကျွန်တော်ဖြင့် အကို့ကို သိပ်ကိုမြတ်နိုးရပါတယ် ချစ်လည်းချစ်ရပါတယ် ။ ဆိတ်ကွယ်ရာကနေ အေးချမ်းစွာပဲ မေတ္တာတွေပေးချင်ခဲ့ပေမယ့် ကျွန်တော့်ကြောင့် အကို့စိတ်ကလေးမှာ ဒဏ်ရာရခဲ့ရပြန်တယ် ။ အဲ့အတွက်လည်း တောင်းပန်ပါတယ် ။ မူရာ က သိပ်ကိုငယ်သေးလို့ပါ ။ စာတွေသိပ်ရှည်သွားရင် ကျွန်တော် ငိုမိတော့မှာမလို့ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်ဗျ ။ နောက်ဆုံးအနေနဲ့ ကျွန်တော် ပေးခဲ့တဲ့ မွေးနေ့လက်ဆောင်ကိုလည်း အကို စိတ်သန့်သန့်နဲ့ လက်ခံပေးပါ ။ ဒါ ကျွန်တော် ပေးခဲ့တဲ့ နောက်ဆုံး မေတ္တာလို့ သဘောထားပြီး အသိအမှတ်ပြုပေးရင်ပေါ့ ။ ချစ်တယ် အကို ။

ဂျောင်ဝန်း .. "

စာဆုံးသွားတာနဲ့ စက္ကူစာရွက်လေးကို ရင်ဘတ်မှာ အပ်ကာ ဂျယ်ယွန်း အသံတိတ်ထပ်မံငိုကြွေးရပြန်သည် ။ တူညီသော ဆေးရုံကြီးထဲက တူညီသော အရေးပေါ်ခန်းရှေ့ကိုပဲ ဂျယ်ယွန်း ထပ်ရောက်နေပြန်သည် ။ ဘေးမှာ အတူထိုင်နေပေးတဲ့ ဟီဆွန်း သည်လည်း ငိုရလွန်းလို့ မောနေတဲ့ ဂျယ်ယွန်း ကို ဖက်ထားပေးရုံကလွဲ ဘာလုပ်ပေးရမှန်းမသိစွာ ။

" သား ဟီဆွန်း !! ဂျုံဆောင်းလေး သတိရလာပြီ !! "

" လူနာရဲ့အုပ်ထိန်းသူ ရှိပါသလား !! "

တဖက်မှ အပြေးလာပြောသော ဟီဆွန်းမိခင်၏ စကားနှင့် အရေးပေါ်ခန်းထဲမှ ထွက်လာသော သူနာပြုတို့၏ စကားတွေသည် တပြိုင်နက်ထဲ ။

" နီခီ နီခီ အဆင်ပြေရဲ့လား ဆရာမ သူ သူ သွေးတွေထွက်နေသေးလားဟင် "

" လူနာရှင် စိတ်ကိုခိုင်ခိုင်ထားပေးပါ ကျွန်မတို့ စိတ်မကောင်းပါဘူး နောက်ဆုံးအခြေအနေကို ရောက်နေပါပြီ .. "

" ဗျာ ... "

" ယွန်းလေး သတိထားစမ်း ! "

ဒူးတွေမခိုင်တော့ပဲ ယိုင်ကျသွားတဲ့ သူ့ကို ဟီဆွန်း က ဖမ်းတွဲထားပေးသည် ။ ဖွားဖွားကြီးကလည်း အလန့်တကြား သူ့ကို လာဖက်ပေးသည် ။ ချာချာလည်နေသော ဂျယ်ယွန်း ခေါင်းကြောင့် နားထင်တဖက်ကို ဖိကိုင်ထားမိလိုက်သည် ။ ဝမ်းဗိုက်ဆီမှ နာကျင်မှုဒဏ် ကိုလည်း ဂျယ်ယွန်း အံကြိတ်ပြီးသည်းခံထားလိုက်သည် ။

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Donde viven las historias. Descúbrelo ahora