ᴄʜᴀᴘᴛᴇʀ : ᴛᴡᴇɴᴛʏ-ᴏɴᴇ

1K 106 17
                                    



မနက်ခင်းက ရွာထားတဲ့ မိုးအရှိန်ကြောင့် အခုထိ စိုထိုင်းနေဆဲ သစ်ရွက်လေးတွေကို ပြတင်းပေါက်ကနေ မှီသလောက် ဂျောင်ဝန်း ထိကြည့်မိသည် ။ လက်ဖဝါးထက်ဝက်စာလောက်ထိ ရှည်နေတဲ့ ဆေးရုံဝတ်စုံရဲ့ အင်္ကျီဖျားလေးကို ကြည့်ကာ ဂျောင်ဝန်း သဘောတကျ ရီလိုက်မိသေးသည် ။

* ယနေ့မနက်အတွက် ကြားဖြတ်သတင်းအဖြစ် တင်ဆက်ပေးမယ့် အကြောင်းအရာကတော့ Yun'sUniverse လုပ်ငန်းစု၏ အမွေဆက်ခံသူ ပျောက်ဆုံးနေသည့် သတင်းပဲဖြစ်ပါတယ် ။ လွန်ခဲ့သော သုံးရက်ကမှ ဖြစ်ပွားထားတဲ့ ကားအက်ဆီးဒင့် မှုပြီးတဲ့နောက် CEO Park Jongseong နဲ့ CEO Park Sunghoon တို့နှစ်ဦးစလုံးဟာ စောင့်ကြည့်အနေအထားမှာပဲ ရှိနေသေးပြီး ဒဏ်ရာရနှုန်းနည်းခဲ့တဲ့ ဆက်ခံသူ အမည် Sim Jaeyun ကတော့ ယမန်နေ့က သတိရလာခဲ့သည်ဟု သိရသည် ။ သို့သော် မနေ့ည ဆယ့်နှစ်နာရီ ဝန်းကျင်မှစ၍ ပျောက်ဆုံးနေသော Sim Jaeyun ကြောင့် Lee အိမ်တော် နဲ့ Park အိမ်တော်နှစ်ခု တို့တွင် ပွက်လောရိုက်မှုများစွာ ရှိနေကာ Sim Jaeyun ၏ တည်နေရာကို သတင်းပေးနိုင်သူကိုလည်း ဆုကြေးငွေ ဒေါ်လာတစ်သိန်း ပေးအပ်သွားမည် ဟုလည်း ထုတ်ပြန်ထားပါသည် ။ *

တိတ်ဆိတ်နေတဲ့ ဂျောင်ဝန်း အခန်းငယ်သည် TV မှ လာသွားတဲ့ သတင်းကြောင့် လှုပ်လှုပ်ရှားရှားဖြစ်သွားရသည် ။ တဆက်ထဲ နောက်ဆုံးအနေနဲ့ မြင်ခဲ့ရတဲ့ အကို့အပြုံးလေး ဂျောင်ဝန်း အာရုံထဲ ရောက်လာတော့ ခြေတွေပင် မခိုင်တော့ကာ ကုတင်ပေါ် ထိုင်ချလိုက်ရသည်အထိ ။

လွန်ခဲ့တဲ့ သုံးရက်ဆိုတော့ ဂျောင်ဝန်း တို့ဆီကပြန်သွားတဲ့နေ့ပေါ့ ။ မိသားစုအသိုက်အမြုံထဲပြန်ရောက်သွားပြီမလို့ အကို ပျော်နေတော့မှာပဲလို့ တွေးမိထင်မိခဲ့တာ ။ တကယ့်လက်တွေ့မှာတော့ ဂျောင်ဝန်း ၏ အကို ဟာ ဆေးရုံပေါ် အသက်လုခဲ့ရသည့်အပြင် အခုလည်း ပျောက်နေပြန်သည်တဲ့ ။ လိမ့်ကျစီးကျလာတဲ့ မျက်ရည်တွေသည် ခဏချင်း ဂျောင်ဝန်း ပါးနှစ်ဖက် ရွှဲစိုသွားသည် ။

“ ကိုကို ! ဘာဖြစ်လို့လည်း ခေါင်းတအားကိုက်နေလို့လား မောင် ဆရာဝန် ခေါ်ပေးရမလား ဟင် ”

“ ငယ်လေး .... ”

“ ပြောလေ ကိုကို မငိုပါနဲ့လားဗျာ ကိုကိုလိုချင်တာအကုန်လုပ်ပေးမှာမလို့ ကျေးဇူးပြုပြီး မငိုပါနဲ့တော့ ”

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Donde viven las historias. Descúbrelo ahora