ᴄʜᴀᴘᴛᴇʀ : ᴏɴᴇ

3.5K 224 12
                                    

[Zawgyi]

" ငယ်ငယ်လေးနဲ့ သနားပါတယ်ဟယ် ... အမျိုးသားကလည်း တာဝန်ယူစိတ်မရှိလိုက်တာ "

အသုဘအခမ်းအနားလေးတစ်ခုတွင်းရှိ အမျိုးသမီးကြီးများ၏ တီးတိုးစကားသံများသည် ဟိုတစ်ပေါက်ဒီတစ်ပေါက် ။ ကောင်းသောစကားများဖြစ်သလို ဆိုးသောစကားတွေလည်း ပါနေသည် ။ ထောင့်ကျကျစားပွဲဝိုင်းမှနေကာ မှန်ဘောင်အတွင်းက မိန်းမငယ်အား ဟီဆွန်း တို့သုံးဦး ငေးစိုက်မိသည် ။ သူတို့၏ သူငယ်ချင်းမလေးသည် ကြမ္မာဆိုးလှပါသည် ။ အထက်တန်းအောင်စာရင်းကိုတောင် ကြည့်မသွားလိုက်ရရှာ ။ အထူးသဖြင့် လူမမည်သေးသော အနှီးထုပ်သေးသေးလေးကိုလည်း စိတ်ချလက်ချထားခဲ့ပြန်သည် ။

" ကလေးက ဘာလေးလည်း ကြီးမေ "

မီအွန်း ၏ မိခင်သည် မြေးဖြစ်သူကို ရင်ဝယ်ပိုက်ထားရင်းက မျက်ရည်လေးတလည်လည်ဖြစ်နေသည် ။ ကလေးငယ်လေးကို တစ်ချက်ခပ်ဖွဖွငုံ့နမ်းလိုက်ပြီးမှ သူ့အမေးအား ပြန်ဖြေလာသည် ။

" ယောက်ျားလေး မီအွန်း က သားဦးလေး သိပ်ရူးခဲ့တာ အခုတော့ကွယ် "

ဂျုံဆောင်း ဟာလည်း ကြီးမေ ပုခုံးကို အသာလေးပွတ်သပ်ကာ နှစ်သိမ့်ပေးသည် ။ ဆောင်းဟွန်းကတော့ အနှီးထုပ်ထဲက ကလေးလေးအား ကြည့်လျက် ။ နှစ်လပြည့်ပြီးခါစ ကလေးလေးဟာ မျက်နှာပေါက်ပေါ်ဖို့ရာ ခဲယဉ်းသေးပေမယ့် သေချာကြည့်လျှင် မီအွန်း နှင့်တူသော မျက်လုံးဝိုင်းလေးတွေ အမွေရထားတဲ့ ကလေးလေး က ပီဘိ ချစ်စဖွယ် ။ ဒီကလေးငယ် ကို လူ့လောကထဲ ဆွဲခေါ်လာကြပြီးမှ လက်လွတ်စပယ်လုပ်သွားတဲ့ သူငယ်ချင်းနှစ်ဦး ကိုလည်း ဆောင်းဟွန်း အပါအဝင် သုံးယောက်လုံး စိတ်လည်းတိုမိသလို တစ်ဖက်ကလည်း ကရုဏာသက်ရပြန်သည် ။ ဖြစ်လာမှတော့ အကြောင်းပဲပေါ့လေ ။

" နာမည်ရော ပေးပြီးပြီလား ကြီးမေ "

" ရှင်းမ်ဂျယ်ယွန်း တဲ့ ... သူ့မေမေကိုယ်တိုင်ပေးသွားခဲ့တာ "

" ဂျယ်ယွန်း ရှင်းမ်ဂျယ်ယွန်း ~ "

တိတ်တခိုးရေရွတ်မိသော နာမငယ်သည် ဟီဆွန်း တို့၏ ရင်အား တသိမ့်သိမ့်တုန်စေသည် အထိ ။ မျက်ဆံညိုညိုလေးတို့သည် ဟိုရွေ့ဒီရွှေ့ဖြင့် ကလေးငယ် ဟာ မိခင်ရဲ့အသုဘဆိုတာမျိုးလည်း နားလည်မှာမဟုတ် ။ တချက်တချက် ဂျုံဆောင်း ရှိရာဘက် စိုက်ကြည့်ကာ တခစ်ခစ်ရီနေတတ်သေးသည် ။ ခိုးခိုးခစ်ခစ်ရီသံလေးတွေ ပျံ့နေတဲ့ ထောင့်နေရာလေးဆီ လာသူအားလုံးက သနားသောအကြည့်တွေ စွန့်ကြဲကြသည် ။

𝗝𝗮𝗲𝘆𝘂𝗻𝗶𝗲 Donde viven las historias. Descúbrelo ahora